Chapter29(Unicode+Zawgyi)

83 8 2
                                    

'ကိုကိုရေ....'

'...........'

'ကိုကို့.....ဘယ်မှာလဲ?...ငယ်ခေါ်နေတယ်လေ......!'

'......ဗျာ....လာပြီ..ကိုကိုဒီမှာလာပြီသဲရေ...'

ငယ့်အသံကြားတာနဲ့အမွှေးရိတ်ရင်းတန်းလန်းနဲ့ရေချိုးခန်းထဲကအပြေးထွက်လာမိတဲ့ကျွန်တော်......

'ငယ်...ဘာ...ဘာဖြစ်လို့လဲ...?'

'ခင်ဗျားကိုဘယ်သူခေါ်လို့လဲ...?'

'ငယ်ဘဲစောနကကိုကိုလို့ခေါ်လိုက်တာမဟုတ်လား....?အဲ့တာကိုကိုအမွှေးရိတ်ရင်းတန်းလန်းနဲ့ပြေးလာတာလေ....'

'ဟမ်....ခင်ဗျား...ခင်ဗျား..အမွှေးရိတ်တာအဲ့တာ..လာပြောစရာလား....?ခင်ဗျားအရှက်မရှိဘူးလား...?'

'အမ်...အဲ့တာမပြောရဘူးလား....?'

ဘလိတ်ဓားကိုသေချာကြည့်ရင်းအကြံအိုက်နေတဲ့ဒီလူကြီး...တကယ်ဘဲဂေါက်များနေတာလား...သူ့ဘာသာဘာမွှေးရိတ်ရိတ်..အဲ့တာကို..အား...ကျစ်..မျက်နှာပူလိုက်တာ....

ကိုယ့်ဘာသာအတွေးလွန်နေတဲ့အချိန်ရုတ်တရက်ငယ့်နှဖူးပေါ်လာတင်တဲ့သူ့လက်တစ်ဖက်....

'ခင်....ဗျားးး'

စကားတောင်ဆုံးအောင်မပြောလိုက်ရခင်မှာဘဲငယ့်နှဖူးကိုလာထိကပ်လာတဲ့သူ့နှဖူး......

'ငယ်.......ကလေးလေး.....နေမကောင်းလို့လားဟင်....?'

ကျွန်တော်သူ့ကိုမော့ကြည့်မိတော့သူကနူးညံ့တဲ့မျက်ဝန်းတစ်စုံနဲ့ငယ့်ကိုငေးကြည့်နေလေရဲ့....

'ခင်...ခင်ဗျား....ဘာလုပ်တာလဲ..?ဖယ်...ဖယ်ပါ....'

'ငယ့်ပါးနှစ်ဖက်နီနေလို့လေ...ကိုယ်ကငယ်ဖျားနေတယ်ထင်လို့.....အဲ့တာစမ်းကြည့်လိုက်တာ....'

'........အဲ့...အဲ့တာက....'

'ကိုယ်တော့မပူပါဘူး...ဒါပေမဲ့ဘာလို့ပါးလေးတွေရဲနေရတာလဲကွာ....'

'ဟို.....အဲ့တာခင်ဗျားကြောင့်လေ..ခင်ဗျား...ခင်ဗျား....'

'ဟင်...ကိုယ့်ကြောင့်............အော်...ရှက်သွားတာလား..?အဲ့တာကြောင့်လား....?အဟက်...ကိုယ်ပြောတဲ့ထဲမှာရှက်စရာစကားပါသွားလို့လား....?'

SOUL(Completed)Where stories live. Discover now