part 3.3

8.4K 733 11
                                    

မင်းကြီးကဓားရေးလေ့တဲ့နေရာတွင် မိဖုရား
ငယ်နဲ့ရှိနေတယ်ဆိုတာကြောင့်လီမင်အာ
မျက်နှာအားပုဝါအုပ်ကာထိုနေရာသို့ထွက်လာခဲ့သည်။

"အရှင့်ကိုဂါရဝပြုပါတယ် "

"မင်အာ.. လာကိုယ်တော့်နားလာထိုင်"

ဘုရင်ကသူထိုင်နေတဲ့ခုံမှာလဲ မင်အာကိုနေရာ
ပေးတာကြောင့်မင်အာလဲမငြင်းဘဲသွားထိုင်
လိုက်သည်။မိဖုရားငယ်ချီချီက

"အရှင် ကိုယ်လုပ်တော်တစ်ယောက်နဲ့ခုလို
မထိုင်သင့်ပါဘူး"

"ငါနှစ်သက်တဲ့သူကိုငါပေးထိုင်တာ မိဖုရားငယ်
ကအာခံချင်တာလား"

"တောင်းပန်ပါတယ်မင်းကြီး"

ချီချီတစ်ယောက်ဝတ်ရုံအောက်ကလက်သီးကို
တင်းနေအောင်စုတ်ထားလိုက်သည်။ခနနေ
ချီချီက လေ့ကျင့်နေတဲ့တပ်သားထဲကတစ်ဦး
ကို မျက်စပစ်ပြလိုက်သည်။

"ကိုယ်လုပ်တော်လီ ဒီကမိဖုရားနဲ့ငယ်ငယ်က
ကစားသလို ဓားပစ်ပြပါလား"

"ကောင်းပါပြီး"

မူလပိုင်ရှင် ကခုလိုတွေမလုပ်တတ်မှန်း
သူသိသည်။ဒါဇာတ်လိုက် သက်သက်မဲ့အကျင့်
ရုပ်တော့မယ်မှန်းရိပ်မိလိုက်သည်။

ဖောက်!

"ဝက်ဝံလေး!!"

လေ့ကျင့်ရေးတပ်သားပစ်လိုက်တဲ့ဓားဟာ
မင်အာရဲ့နှဖူစတည့်တည့်ကိုဝင်လာတာကြောင့်
အမြန်ရှောင်လိုက်သည်။

*မအေ...တော်သေးတယ်ငါရှောင်လို့*

သူလဲခေါင်းကဆံထိုးကိုဖြုတ်ပါထိုလူရဲ့ ပေါင်
ကိုပေါက်လိုက်သည်။

"အ"

"ဟက်...ငါ့လို ဘုရင့်ကိုယ်လုပ်တော်ကိုများ
လုပ်ကြံချင်သေးတယ် "

ချီချီကတော့ မင်အာကို နဂါးမျက်စောင်းဖြင့်
ကြည့်နေသည်။မင်းကြီးကစင်ပေါ်ကဆင်းကာ
မင်အာနားသွားပြီး..

"ဘာဖြစ်သွားလဲ...ရဲမက်တွေ ဒီအပြစ်သား
ကိုကြိမ်ဒဏ်၁၀၀ပေးလိုက်"

"ရပါတယ် ကျတော်ဘာမှမဖြစ်ဘူး"

"နန်းဆောင်ပြန်ကြမယ် ကိုယ့်ရဲ့ဝက်ဝံလေး
နေပူလို့ချွေးထွက်နေပြီး"

System Hobi (Completed)Where stories live. Discover now