part 7.6(end)

7.7K 583 22
                                    

ဒီမွန်တို့က ပီတာတို့ရှေ့က ကာပေးလိုက်တာ
ကြောင့် သူတို့ရဲ့ဝတ်စုံဟာ ဝိုင်တွေစွန်းကုန်
သည်။

"ဒီ..ဒီမွန်"

" ဗန်စီ မင်းသိပ်အတင့်ရဲနေတယ်ပေါ့....ဂျိမ်း
မင်းသူ့ကိုဖိတ်ထားတာလား "

"ဖိတ်စရာလား မဖိတ်ပါဘူး "

"ကြားတယ်နော် မင်းကိုဘယ်သူမှမကြိုဆိုဘူး
လစ်လိုက်တော့ ဗန်စီ "

"တောက်...ငါ့အကြောင်းကောင်းကောင်းသိ
မယ် "

တစ်လအကြာတွင်တော့ ထရစ်လဲလမ်းကောင်း
ကောင်းလျောက်နိုင်နေပြီဖြစ်တာကြောင့်
ပီတာနှင့်အတူ ကျောင်းတက်နေပြီဖြစ်သည်။

(Host ဇာတ်လိုက်မက hostတို့ကိုဒီနေ့ပြန်ပေး
ဆွဲဖို့လုပ်နေတယ်)

( ဒီလောက်ခံထားရတာတောင် လုပ်ရဲသေးတာ
လား)

( host လိုပေါ့)

ညနေကျောင်းဆင်းချိန်တွင်တော့ ပီတာနဲ့ထရစ် တို့​ကျောင်းရှေ့ထွက်လာခဲသည်။ပြန်ပေးဆွဲမည့်အရိပ်ယောင်ရှာကြည့်ပေမယ့်မတွေ့တာကြောင့်
လမ်းကူးရန်ပြင်စဉ် သူတို့နှင့်မလှမ်းမကမ်းမှာ
ကားအမဲတစ်စီးရပ်သွားပြီးထိုကားအမဲအား
သံချောင်းတင်တဲ့ကားမှ ဖြတ်တိုက်လိုက်သည်။

ဝုန်းး

"ငါ-ိုးမသား ဟာာ..ထရစ်ကြည့်စမ်းဟိုမှာရုပ်ရှင်
ရိုက်နေတာထင်တယ် အစစ်တိုင်ဘဲ"

"အစ်ကိုပီတာ အဲ့တာတကယ်ဖြစ်နေတာလေ"

တစ်ဖက်လမ်းက ကားထဲတွင်လဲထိုဖြစ်ရပ်အား
ကြည့်ကာပြုံးနေသူရှိသည်။ဂျိမ်းတစ်ယောက်
ဗန်စီရဲအစီစဉ်တွေအားရိတ်မိတာကြောင့်
ယခုလိုစီစဉ်လိုက်ခြင်းဖြစ်သည်။သူ့နယ်မြေထဲလာပြီး သူ့အသက်လေးနဲ့ကျေးဇူးရှင်လေးကို
ဒုက္ခပေးဖို့ကြံရဲတဲ့ ဗန်စီကိုတော့ အပြစ်ပေးရန်
ကျန်သေးသည်။

📱ဒီမွန် ငါ့ဘက်ကတာဝန်ကျေပြီး မင်း
ဘက်ကရော📱

📱ငါ့ဘက်ကလဲအဆင်ပြေတယ် သတင်း
တင်ဖို့ဘဲကျန်တယ်📱

📱ကောင်းတယ် 📱

📱ကလေးတွေကြိုလာခဲ့အုံး ဂျိမ်း📱

System Hobi (Completed)Where stories live. Discover now