part 6.1

8K 649 4
                                    

ဇာတ်ကြောင်းဖတ်ကြည့်ချိန် ဇာတ်လိုက်နာမည်
က ကုအမ်ရွမ်ဖြစ်ပြီး ကု မိသားစုရဲ့အာဏာအရှိ
ဆုံးသူဖြစ်သည်။ဇာတ်လိုက်မက မုလန်အာဖြစ်
ပြီး မုအိမ်တော်ကသမီး ဖြစ်ပြီး ဇာတ်လိုက်ရဲ့
အတွင်းရေးမှူးဖြစ်သည်။ အရည်ချင်းရှိပြီး လှပတဲ့ မုလန်အာ ကို ကုသခင်ကြီးက စ်တ်မဝင်စား
ပေမယ့် ဗီလိမ်လေးတစ်ယောက်ကြောင့်
အချစ်တွေပွင့်ထွက်လာပြီး ကုနဲ့မုပေါင်းဖက်
သွားကြသည်။

သူဝင်ထားတဲ့ကိုယ်က ချန်ချင်းယွင် ဖြစ်ပြီး နယ်မြို့လေးတွင်လုပ်ကိုင်စားသောက်နေသူဖြစ်
သည်။တစ်နေ့ ပင်လယ်ကမ်းနားက သတိမေ့
နေသူတစ်ယောက်ကိုကယ်ခဲ့မိရာက သံယော
ဇဉ်တွယ်ကာချစ်မိသွားကြသည်။ထိုလူကတော့
ဇာတ်လိုက် ကုအမ်ရွမ်ဖြစ်သည်။ကုအမ်ရွမ်
ကိုလိုချင်သူပေါသလို မလိုသူများလဲပေါသည်။
ကုအမ်ရွမ် တစ်ယောက် အလုပ်ကိစ္စဖြင့် နယ်
ဘက်ဆင်းချိန် မသမာသူတစ်ချို့ကလုပ်ကြံ
သဖြင့် ပင်လဲထဲကျကာအတိတ်မေ့ခဲ့သည်။
၂နှစ်ကြာပျောက်ဆုံးပြီးတဲ့ချိန်မှာ မထင်မှတ်ဘဲ
သတိပြန်ရလာကာ ချန်ချင်းယွင်ကိုတောင်အသိ
မပေးဘဲ မြို့သို့ပြန်ခဲ့သည်။ကျန်ခဲ့တဲ့သူမှာတော့
နယ်ကပိုင်သမျှရောင်းချပြီး မြို့ကိုရှာပုံတော်ဖွင့်
ရန်ထွက်ခဲ့သည်။ကံကောင်းစွာဘဲ ကုအမ်ရွမ်
၏လက်ထောက်အဖြစ်အလုပ်ရကာ အနားတွင်နေရပေမယ့် ကုအမ်ရွမ်နားသို့ ရောက်လာ
သည့် မုအိမ်တော်က သခင်မလေးကြောင့်
ကမောက်ကမဖြစ်ခဲ့ရသည်။မုလန်အာ ဟာ
ကုသခင်ရှေ့တွင် တည်ငြိမ်ရင့်ကျက်ပေမယ့်
ချန်ချင်းယွင်ကိုတော့ အမြဲနှိမ်ချဆက်ဆံသည်။
ချင်းယွင်ကတော့ ကုသခင်ကြီးသူ့အားမှတ်မိစေရန်သာ ကြိုးစားလုပ်ဆောင်ပေမယ့် မုလန်အာ
က သိရှိသွားကာ ကုသခင်ကြီးထံခြောက်တွန်း
တော့သည်။ နောက်ဆုံးမှာတော့ ချန်ချင်းယွင်
ဟာ မတော်တစသေဆုံးခဲ့ပြီး ဇာတ်လိုက်နှစ်ယောက်ကတော့ ပျော်ရွှင်စွာအဆုံးသတ်သွား
သည်။

(ဘာကြီးလဲ ဇာတ်လိုက် သတိမရတော့ဘူးလား
ချင်းယွင်ကရောဘာလို့သေတာလဲ)

( အဟမ်း ကျတော်ပြောပြမယ် ချန်ချင်းယွင်
သေဆုံးတာက မုအန်လင်နဲ့ပတ်သတ်ပါတယ်
ကုအမ်ရွမ်ကသတိရချင်နေသလိုဖြစ်လို့
မုလန်အာက က ချင်းယွင် ကိုသတ်ပြီး ကုသခင်
ကြီးကိုလဲ တားမြစ်ဆေးတွေနဲ့သတိမေ့အောင်
လုပ်လိုက်ပါတယ် နောက်ပိုင်း ကုသခင်ကြီးက
ကျန်းမာရေးမကောင်းတော့ မုအိမ်တော်က ဘဲ
စီးပွားရေးကိုချုပ်ကိုင်လာတယ်)

System Hobi (Completed)Where stories live. Discover now