part 9.1

7.4K 572 22
                                    

ဇာတ်ကြောင်းတွင် ဇာတ်လိုက်နာမည်က
ကင်ဂျီဟန်ဖြစ်ပြီး kim အမည်နှင့်ent ပိုင်ရှင်
တစ်ဦးဖြစ်သည်။ကင်ဂျီဟန်၏ချစ်သူမှာ သူဝင်
ထားသည့်ကိုယ်ဖြစ်ပြီးနာမည်က လီဂျင်ဟာဖြစ်
ကာ သရုပ်ဆောင်အဆိုတော်တစ်ယောက်
ဖြစ်သည်။ အရာအားလုံးအဆင်ပြေနေပေမယ့်
ဇာတ်လိုက်မ မင်ရီဂျောင်ပေါ်လာချိန်မှာတော့
အားလုံးပြောင်းပြန်ဖြစ်ကုန်သည်။ မင်ရီဂျောင်
ဟာ သူဌေးသားတစ်ယောက်ဖြစ်ပြီး Gay
ဟု come out လုပ်ကာ ရည်းစားပွေရှုတ်တတ်
သူဖြစ်သည်။ ဒါပေမယ့် မင်ရီဂျောင်ရဲ့ကိုယ်ထဲ
ကို အနာဂတ်ကဝိညာဉ်တစ်ခုဝင်ရောက်လာချိန်
မှာ မင်ရီဂျောင်ဟာကြာပန်းဖြူ တစ်ယောက်ဖြစ်
လာသည်။ မင်ရီဂျောင်နဲ့ကင်ဂျီဟန်တို့မိဘတွေ
ကသူတို့နှစ်ဦးဟာ စေ့စပ်ပေးရန်ကစပြီး ရီဂျောင်
က ဂျီဟန်အားတကယ်ချစ်သွားခဲ့သည်။
ဒါပေမယ့် ဂျီဟန်ကတော့ လီဂျင်ဟာအပေါ်သာ
သစ္စာရှိနေတာကြောင့် ကြာပန်းဖြူရီဂျောင်ဟာ
လီဂျင်းဟင်းကိုစတင်လုပ်ကြံတော့သည်။
သူ့ရဲ့အစီအစဉ်တွေအောင်မြင်ပြီး လီဂျင်ဟာ
ရဲ့အနုပညာနာမည်ကအောက်ဆုံးထိုးကျလာကာ ဂျင်ဟာရဲ့မိဘတွေလဲ စီးပွားရေးကျပြီး
ကားမတော်တစမှူနဲ့သေဆုံးခဲ့ကာ ဂျင်ဟာကိုလဲ လူတစ်ချို့နဲ့စော်ကားဖျက်စီးစေသည်။ ဂျင်ဟာ
ထွက်ပြေးလွတ်မြောက်ပြီး ကင်ဂျီဟန်ဟီရောက်သွားချိန်ဂျီဟန်နဲ့ရီဂျောင် ရမ္မက်ဆန်စွာနမ်း
နေကြသည်ကိုမြင်ပြီး ဒေါသထွက်စွာ
ရီဂျောင်အားပါးချလိုက်ရာ ဂျီဟန်က ဂျင်ဟာ
အားပြန်ရိုက်ပြီး ရီဂျောင်ကိုထွေးပွေ့ထားခဲ့သည်။ ဂျင်ဟာသဘောပေါက်လိုက်တာကတော့
ဂျီဟန်တစ်ယောက် ရီဂျောင်ရဲ့စကားတွေယုံပြီးသူ့အားမုန်းတီးနေခဲ့ခြင်းကိုပင်။ ဂျင်ဟာလဲ
ထိုနေရာကထွက်သွားချိန်ရီဂျောင်ရဲ့လူတွေ
ရောက်လာကာ ရိုက်နှက်ခဲ့ပြီး လမ်းတွင်ပစ်ထားတာကြောင့်ဂျင်ဟာသေဆုံးခဲ့ရသည်။ ဇာတ်
လိုက်နဲ့ဇာတ်လိုက်မကတော့ပျော်ရွှင်စွာပေါင်း
ဖက်လေသတည်းပေါ့။

( ဒါဆိုငါက သေတဲ့ချိန်ဝင်လာတာပေါ့)

(ဟုတ်ပါတယ် host)

(ငါ့ mission ကဘာလဲ)

(Mussion က ဇာတ်လိုက်မအားလက်စား
ချေရန် ဇာတ်လိုက်အားနောင်တရစေရန်နဲ့
ချစ်နဲ့သူနဲ့ပေါင်းဖက်ရန်ပါ host)

System Hobi (Completed)Where stories live. Discover now