Real life 1

7.7K 596 24
                                    

ဂျီမင်းတစ်​ယောက်မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်
ရတာက မှောင်မဲနေသည့်ပတ်ဝန်းကျင်နေရာ
တစ်ခုကိုရောက်နေမှန်းသိလိုက်သည်။ ထိုချိန်..

" hello ပတ်ဂျီမင်း "

" Hobi ဒါဘယ်နေရာလဲ "

" ဒါ ကနတ်ဆိုးတိုင်းပြည်ပါ "

" ဒါဆို ထယ်ယောင်ရော"

" ရှိပါတယ် ခုပို့ပေးမယ် ကျတော့နောက်လိုက်
ခဲ့ "

" နေအုံး ငါ့ကိုဟိုမိန်းမစီပို့ပေး "

" ဘယ်သူ အော် ဗြောင်အန်နာ လား သူမကို
ဖမ်းထားပါတယ် လိုက်ခဲ့"

Hobi ခေါ်သည့်နောက်လိုက်လာသည့်လမ်း
တစ်လျှောက်တွင် ငရဲခန်းများကိုဖြတ်ကျော်ခဲ့
ရပြီး နောက်ဆုံး သူမကိုဖမ်းထားသည့်
အခန်းသို့ရောက်လာသည်။ ဂျီမင်း အခန်းထဲက
အန်နာကိုကြည်လိုက်ချိန် အန်နာက သူရောက်
နေမှန်းသိသည်ထင်သည် သူတို့ရှိရာဘက်သို့
လှည့်ကြည့်လာသည်။

" ပတ်ဂျီမင်း နင်ရောက်လာပြီပေါ့ ငါ့ကိုလွှတ်ပေး
စမ်း နင့်လိုဘာမဟုတ်တဲ့ ကောင်ကငါ့လို
နတ်ဘုရားမကို ဖမ်းရဲတယ်ပေါ့"

" ဘာမဟုတ်တဲ့ ကောင်ကနင်လိုချင်နေတဲ့
ကင်ထယ်ယောင်ရဲ့အသည်းသက်လေးဆိုတာ
ဖြစ်နေသေးတယ်နော် အဟင်းနတ်ဘုရားမ
ဖြစ်တဲ့မင်းကတော့ အနားတောင်ကပ်ခွင့်မရှိဘူး
မလား"

အနာထိလို့စပ်သွားသည့် ဗြောင်အန်နာ
ကတော့ ချက်ချင်းဘဲ လှုပ်လှုပ်ရွရွဖြစ်ကာ
စွမ်းအင်ထုတ်သုံးပေမယ့် ထိန်းချုပ်ခံထားရတာ
ကြောင့် သွေးတွေအန်ထွက်လာသည်။

" ဘာလဲမနာလိုစိတ်ကြောင့် သွေးပါအန်နေရ
ပြီပေါ့ ဟက် "

" နင်...နင် "

ထိုချိန် သူတို့နားသို့ ကင်ထယ်ယောင်နဲ့
ကင်ထယ်ဂျီ ရောက်လာသည်။

" ကိုကို! "

" အမလေးသောက်ပလုတ်တုတ် ဟင်
ကင်ထယ်ဂျီ အဲ ထယ်ယောင်လဲပါတယ် "

ဂျီမင်းကလဲထယ်ယောင်ကိုမြင်သည်နှင့်
ပြေးဖက်လိုက်သည်။

" ထယ် "

" ဝက်ဝံပေါက်လေး ရောက်ရောက်ချင်းကိုယ့်စီ
မလာဘဲ ဘာမဟုတ်တဲ့မိန်းမကိုလာတွေ့ရဲတယ်
အပြစ်ပေးရမယ် "

System Hobi (Completed)Where stories live. Discover now