41

956 49 0
                                    

Uni

'ဝီလျှံ...ဟေ့...ဝီလျှံ...'

ဝီလျှံနားထဲတွင် သူ့နာမည်ကို ခေါ်နေသံ ကြားနေရသည်

သို့သော် သူ့ခေါင်းက အရိုက်ခံထားရတာကြောင့် ချက်ချင်း စစ်ခနဲ ဖြစ်သွားသည်

ဘာတွေဖြစ်သွားလဲ ဆိုတာကို ဖြေးဖြေးချင်း စဥ်းစားယူနေရသည်

'ဝီလျှံ ငါခေါ်နေတာကို ကြားလား'

ခုတစ်ခါတော့ သူ့မျက်လုံးကို အားတင်းပြီး ဖွင့်ကြည့်လိုက်သည်

နိုနိုရဲ့ စိုးရိမ်နေတဲ့မျက်နှာကို အရင်မြင်ရသည်

ပြီးတော့ ငါတို့ ဘယ်ကိုရောက်နေတာလဲ

'ဝီလျှံ မင်း သတိရလာပြီလား'

'အင်း'

သူ ကြိုးစားပြီး ထထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်

နိုနိုကော သူပါ လက်တွေကို လက်ထိပ်အခတ်ခံထားရသည်

နေပါဦး လက်ထိပ်က မဟုတ်သေးဘူး မှားနေပြီ

'မိုးမေလင်းလိုက်တော့ဟေ့'

သူအော်ဆဲလိုက်တာကြောင့် နိုနိုက အလန့်တကြားဖြစ်ကာ အနီးအနားကို ပတ်ကြည့်တော့သည်

'ဘာ...ဘာဖြစ်လို့လဲဟင်'

ဘာဖြစ်ရမှာလဲ လက်ထိပ်က ငါ့ကိုပဲ ခတ်ထားတာလေ မင်းကျတော့ ကြိုးလေးပဲ ချည်ထားတယ်တဲ့လား

သူ ထပ်ပြီး အော်ပြောလိုက်ချင်သော်လဲ နိုနိုရဲ့ ငိုမဲ့မဲ့ပုံစံကြောင့် ထပ်မအော်ဖြစ်တော့

'မင်း အဲ့ကြိုးကို ဖြေနိုင်တယ်မလား'

'ဟင်...'

သေလိုက်တော့ ဝီလျှံ သူသာဖြေတက်ရင် အစောကြီးထဲက ဖြေပြီးနေပြီပေါ့

'ဒီမှာ ငါပြောပြမယ် အဲ့တိုင်းလိုက်လုပ် ကြားလား'

နိုနိုက ခုထိ ကြောင်တောင်တောင် လုပ်နေဆဲ

'သခင်ကြီးကို နှုတ်ဆက်ပါတယ်'

သူပြောမလို့ ပါးစပ်ဟရုံရှိသေး တံခါးနားက အသံကြောင့် ပါးစပ်ပြန်ပိတ်ထားရသည်

'ဟား...ဟား...သခင်ကြီး မဟုတ်သေးပါဘူးကွာ ဒါပေမဲ့ ဒီနှစ်ကောင်ကို ရှင်းပြီးရင်တော့ ငါက သခင်ကြီးပဲ ဟား...ဟား...ဟား...'

သခင္~သခင်Where stories live. Discover now