25

3.7K 229 15
                                    

Zawgyi

ဂျေဒီး တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ ဝီလျှံက အခဲမကြေစွာ ပြေးလိုက်ရန် ပြင်နေတာမို့ လှမ်းဆွဲထားလိုက်သည်

'မင်းက ပြသနာရှာရတာ အတော်လေး ကြိုက်ပုံပဲ'

ဝီလျှံက သူ့လက်ထဲမှာ အတင်းရုန်းနေတာမလို့ ခါးကနေဆွဲဖက်ကာ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်

'ခင်ဗျား ကျွန်တော့်ကိုလွှတ် အဲ့ကောင်ကို ကျွန်တော်သတ်မှာ'

အနားကလူတွေက ခုထိမသွားကြသေးပဲ သူတို့နှစ်ယောက်ကို ရပ်ကြည့်နေတာမလို့

'ဘာရပ်ကြည့်နေတာလဲ လုပ်စရာအလုပ် မရှိကြဘူးလား ဟမ်'

ဝီလျှံက အနားကလူတွေကိုပါ ပတ်ရမ်းနေတာမလို့ ဂျေဒီးပင် ရီမိသွားသည်အထိ

ဝီလျှံကြောင့်လား ဂျေဒီးကြောင့်လားတော့မသိ အနားကလူတွေက လူစုကွဲသွားကြလေသည်

ဂျေဒီး ထိုလူတွေဆီကနေ ဝီလျှံကို အတော်လေး ဆွဲထုတ်လာရသည်

သူ နိုနို့ကို ထားခဲ့သော စားပွဲဝိုင်းကိုရောက်တော့ နိုနိုက မရှိတော့

ဂျေဒီးရင်ထဲ အတော်လေး ဗလောင်ဆူသွားတော့သည်

သူ ပထမဆုံးတွေးမိတာက နိုနိုသာ တစ်ခုခုဖြစ်သွားရင် ဒေမွန်က ငါ့ကိုအရင်သတ်မှာ ဟူ၍ဖြစ်သည်

သူ့အနားကနေ ဖြတ်သွားသော ကျောင်းသူတစ်ယောက်ကို လှမ်းဆွဲလိုက်ကာ

'ခုနက ခုနက ဒီနားမှာထိုင်နေတဲ့ ကျောင်းသူကို တွေ့လိုက်လား'

ထိုကျောင်းသူလေးက တစ်ချက်စဉ်းစားသလိုလုပ်​ကာ

'ဘယ် ဘယ်ကျောင်းသူကို မေးနေတာလဲ သခင်လေး'

'ဆံပင် အဖြူရောင်လေးနဲ့လေ နက်ပြာရောင် ဂါဝန်ဝတ်ထားတယ်'

ထိုကျောင်းသူက ထပ်စဉ်းစားပြန်လေသည်

'အော် သိပြီ သခင်လေး ဒေမွန် ခေါ်သွားတဲ့ ကောင်မလေးလား'

'ဘာ ဘယ်သူ'

'သခင်လေး ဒေမွန်လေ ကျွန်မတို့တောင် ထူးဆန်းတယ်ဆိုပြီး ကြည့်နေတာ သခင်လေး ဒေမွန်က ကောင်မလေးတွေကို စိတ်မှမဝင်စားတာကိုး'

သခင်~သခင်Where stories live. Discover now