42

846 44 0
                                    

Uni

တစ်ဖတ်တွင်တော့ ဝီလျှံနှင့်နိုနို့ကို ကယ်ရန်အတွက် ဒေမွန်တို့ အစီအစဥ်တွေ ချနေရသည်

သူတို့ အစီအစဥ်က အီဗန်တို့ တောင်းဆိုတာကို သတောတူကြောင်းပြကာ အယ်မွန်တို့က အရှေ့တွင် အယောင်ပြ သွားညှိနှိုင်းကြမည်

ထိုအချိန်ကို အခွင့်ကောင်းယူကာ ဒေမွန်တို့က နောက်ကနေ ဝင်ကယ်ရန် ဆုံးဖြတ်လိုက်ကြသည်

အစီအစဥ်ချကာ ဆုံးဖြတ်ရတာ လွယ်ကူသော်လဲ တစ်ကယ့်တစ်ကယ် အရေးကြုံလာလျှင် သူတို့အသက်တွေပါ ပါသွားနိုင်သည်

အီဗေးဂိုဏ်းကလဲ သူတို့ကို တစ်ပါတ်အချိန်ပေးထားခဲ့သည်

တစ်ပါတ်ပြည်လို့မှ လာမညှိနှိုင်းလျှင် ဝီလျှံနှင့်နိုနို့ အလောင်းသာ လာကောက်တော့ဟု ထပ်ဖြည့်ပြောထားသေးသည်

ဒေမွန်နှင့်ဂျေဒီးက အမြန်လုပ်ချင်နေသော်လဲ အယ်မွန်တို့က တားထားကာ တစ်ပါတ်ရဲ့ နောက်ဆုံးရက်တွင်သာ ညှိနှိုင်းရန် ပြန်ပြောခဲ့သည်

ဒေမွန်နှင့်ဂျေဒီးက သူတို့လုပ်ချင်တာ အကုန်ဇွတ်လုပ်ခဲ့ကြပြီးပြီမလို့ ဒီတစ်ခါတော့ လူကြီးတွေ စကားကိုသာ နားထောင်ခဲ့ရသည်

ဒီလိုနှင့် သူတို့ညှိနှိုင်းရန် သဘောတူထားသော နောက်ဆုံးရက်ကို ရောက်လာခဲ့သည်

ကြားရက်ထဲတွင် လိုအပ်တာ မှန်သမျှကို အကုန်စီစဥ်ထားရသည်

အီဗန်က သဘောတူထားသောရက် ရောက်လာပြီမလို့ ချိန်းဆိုထားသော နေရာတွင် ထိုင်စောင့်နေလိုက်သည်

ခဏကြာသောအခါ ကားသုံးစီးက ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့သည်

ကားပေါ်ကနေ အယ်မွန် ဖရာဒီးအပြင် သခင်ကြီးဝီနာပါ ဆင်းလာခဲ့သည်

'ဟား လူစုံတက်စုံ ပါလားဟ ကြွပါ ကြွပါ ထိုင်ကြနော် အားမနာနဲ့'

အီဗန်က လှောင်သလိုလိုနှင့် သုံးယောက်လုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်

ဘာပဲဖြစ်ဖြစ် ခုချိန်တွင် သူက အပေါ်စီးကပဲ ဖြစ်သည်

အယ်မွန်က အီဗန်ကို ရွံသလို တစ်ချက်ကြည့်ကာ ဝင်ထိုင်လိုက်သည်

သခင္~သခင်Where stories live. Discover now