34

2.9K 199 15
                                    

Zawgyi

ဂျေဒီးတို့ ထွက်သွားပြီး ခဏကြာသောအခါ နိုနို နိုးလာသည်

နိုနိုက တစ်ခန်းလုံး ပတ်ကြည့်ကာ ခုံပေါ်မှာ ထိုင်နေသော ဒေမွန့်ဆီမှာ အကြည့်ရပ်သွားသည်

ဒေမွန် ထိုင်နေရာကနေ နိုနို့အနား လျှောက်သွားကာ နဖူးကို စမ်းကြည့်လိုက်သည်

ကိုယ်က အရမ်းပူမနေတော့ နဲနဲလေး နွေးနေသေးသည်

'နိုနိုတို့ ဘယ်ရောက်နေတာလဲ'

'ကမ်းခြေနားကို ရောက်နေတာ မင်းဖျားနေလို့ ဆေးထိုးထားရတယ် ခု သက်သာလား'

'ဟုတ်'

နိုနိုက ကုတင်ပေါ်မှာ ထထိုင်ရန် ပြင်လိုက်သော်လဲ ခေါင်းကမူးနေကာ လူကယိုင်သွားသည်

ဒေမွန် ရုတ်တရက်မလို့ နိုနို့ကို လက်မောင်းကနေ လှမ်းဆွဲထားမိသည်

'အ...'

နိုနိုက မျက်နှာလေးမဲ့သွားတာမလို့ ဒေမွန် ကြောင်သွားကာ နိုနိုလက်ကို လွှတ်ပေးရင်း သူပါ အရှိန်လွန်ကာ ကုတင်ပေါ် ကျသွားသည်

နိုနိုက ဒေမွန့်ရင်ခွင်ထဲကနေ ​မျက်လုံးလေးတွေဝိုင်းကာ မော့ကြည့်သည်

ဒေမွန် ရင်ခုန်သံတွေ မြန်လာကာ နိုနို့ပါးလေးကို ကိုင်လိုက်သည်

'သ သခင်...'

နိုနို့ရဲ့ တုန်ရင်နေတဲ့ နှုတ်ခမ်းလေးတွေကိုပါ ဒေမွန် သိမ်းပိုက်ပစ်လိုက်သည်

ပြီးနောက် နှုတ်ခမ်းချင်း ပြန်ခွာလိုက်ကာ နိုနိုမျက်နှာလေးကို ကြည့်လိုက်သည်

နိုနို့မျက်နှာ တစ်ခုလုံးက ပေါက်ထွက်မတက် နီရဲလာကာ ဒေမွန့်ကို ပြန်မကြည့်ရဲပဲ မျက်နှာလွှဲလိုက်သည်

'မင်း ကို့ကို ချစ်လား'

'ဟင်...'

ဒေမွန် ရုတ်တရက် မေးလိုက်တာမို့ နိုနို့ရင်ထဲ တစ်လှပ်လှပ် ဖြစ်သွားသည်

'ကို မင်းကို ချစ်တယ်'

'သ သခင်...'

နိုနို ခုအချိန် ဘယ်လိုစကားမျိုး ပြန်ပြောရမလဲ မစဉ်းစားတက်တော့

သခင်~သခင်Where stories live. Discover now