Part-12

6.9K 390 7
                                    

Zawgyi

'ဟေး နိုနို ရှေ့ကိုကြည့်ပြီး လျှောက်လေကွာ မင်းကို့ကို ဝင်တိုက်မိတော့မယ်'

'အော် အကိုဂျေဒီး ဆောရီး နိုနို မမြင်လိုက်လို့'

'အင်း လူတစ်ယောက်လုံးကို မမြင်ရအောင် ဘာတွေ စိတ်ကူးယဉ်လာတာလဲ ပြောပါဦး'

စနိုဝီ ခေါင်းပဲ အသာယမ်းပြလိုက်ပါသည်

ဂျေဒီးကတော့ စနိုဝီ့နောက်ကနေ စကားတွေပြောရင်း လိုက်သွားတော့သည်

သူတို့နှစ်ယောက်ကို သစ်ပင်အကွယ်ကနေ ချောင်းကြည့်နေသော လူတစ်ယောက်ကိုတော့ သတိမထားမိကြပါ

'မင်းပြောတာ သေချာလား'

'သေချာတယ်ဆရာ ကျွန်တော် စောင့်ကြည့်နေတာကြာပြီ ဂျေဒီးတင်မဟုတ်ဘူး အယ်မွန်ရဲ့သားပါ အဲ့ကောင်လေးနားကို ကပ်နေတာ'

'ဟား ဟား ဟား ဒါဆို ငါက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ရမှာပေါ့'

'ဟုတ် ဆရာ ကျွန်တော်တို့ လှုပ်ရှားလိုက်ရတော့မလား'

'အေး နေဦး မင်းသေချာဖို့ပဲလိုတယ်'

'ကျွန်တော် သေချာပြောရဲတယ် ဆရာ ကျောင်းစဖွင့်ထဲက သေချာစောင့်ကြည့်ထားတာ အဲ့နှစ်ကောင်လုံးက ကောင်လေးကို အသေအလဲ လုနေကြတာ'

'ဟုတ်ပြီ ဒါဆိုရင်တော့ လုပ်သင့်တာကို လုပ်ရတော့မှာပေါ့ကွာ'

'ဟား ဟား ဟား ဟား'

ဒေါက်..... ဒေါက်.....

'ဘယ်သူလဲ'

'သခင်လေး အန်တီဂရေ့ပါ'

'ဘာကိစ္စလဲ'

'ဟို နိုနို ခုထိ ကျောင်းကနေ ပြန်မလာသေးလို့ပါ'

ဒေမွန် နာရီကိုမော့ကြည့်လိုက်တော့ ည၇နာရီထိုးနေပါပြီ

'ဒရိုင်ဘာ သွားမကြိုဘူးလား'

'ဒရိုင်ဘာလဲ သွားကြိုပါတယ် သူပါခုထိ ပြန်မရောက်သေးပါဘူး'

ဒေမွန် အနဲငယ်တော့ စိတ်ထင့်သွားပါသည်

'သိပြီ သွားတော့'

'ဟုတ်ကဲ့ သခင်လေး'

သူ ချက်ချင်း ဒရိုင်ဘာ ဖုန်းနာပါတ်ကိုရှာကာ လှမ်းခေါ်လိုက်သည်

သခင်~သခင်Where stories live. Discover now