21

3.4K 241 5
                                    

Zawgyi

နိုနို အပြုံးနှင့် ဂျေဒီးကို မော့ကြည့်လိုက်သည်

သူတစ်ဖက်နိုင်ငံကို ထွက်သွားရတော့မည့် အချိန်တွင် သူ့စိတ်က သခင့်ကို မမြင်တွေ့ရသေးပဲ လုံးဝထွက်မသွားနိုင်

ထို့ကြောင့် သခင်ကြီးရဲ့ လူတွေကို တစ်ဖက်လှည့်ကာ ရှိသမျှအားကုန်သုံးရင်း နိုနို လေဆိပ်ကနေ ထွက်ပြေးလာခဲ့သည်

လေဆိပ်အပြင်ရောက်တော့ ကားတစ်စီးက နိုနို့အနားရပ်လာကာ နိုနို့ကို ကားထဲဆွဲသွင်းပြီး မောင်းထွက်သွားလေသည်

နိုနို နောက်တစ်ကြိမ် အဖမ်းခံရပြီဟု ထင်လိုက်မိသော်လဲ သူ့ကိုခေါ်လာသူတွေက ဂျေဒီးဆီ ပို့ပေးခဲ့လေသည်

နိုနို ဘာတစ်ခုမှ နားမလည်နိုင်သေးသော်လဲ ဂျေဒီးဆီတွင်နေခြင်းက သူ့အတွက် ပိုလုံခြုံသည်မို့ လက်ခံလိုက်သည်

ဂျေဒီးက နိုနို့ရဲ့ ချစ်ဖို့ကောင်းစွာ လှပနေသော မျက်နှာလေးကြောင့် မိန်းကလေးအသွင်ပြောင်းကာ ကျောင်းဆက်တက်စေခဲ့သည်

ထိုကိစ္စကိုလဲ နိုနိုမငြင်းမိ နိုနို သခင့်ကို တွေ့ချင်ပါသေးသည်

သခင် အဆင်ပြေပြေ နေနေတာကို မြင်ချင်ပါသေးသည်

အစဦးပိုင်းတွင် သခင်ကကျောင်းကိုမလာ၍ နိုနို စိတ်ပူခဲ့သေးသည်

ဂျေဒီးက သခင် သတိရနေပြီဖြစ်ကြောင်း အဆင်ပြေကြောင်း ပြောမှသာ နိုနို စိတ်လျော့နိုင်ခဲ့သည်

ထို့နောက်မှ သခင်က ပုံမှန်အတိုင်း ကျောင်းပြန်လာသောကြောင့် နိုနို တွေ့ခွင့်ရခဲ့သည်

သခင့်ပုံစံက နိုနိုနှင့် ပထမဆုံး တွေ့ခဲ့စဉ်ကလို အေးစက်စက် မာကျောနေဆဲ

နိုနိုက ပုံစံပြောင်းထားတာကြောင့် သခင်က မမှတ်မိပါ

ဂျေဒီးကတော့ သခင်က အစောကြီးထဲက မိန်းကလေးတွေကိုဆိုလျှင် သူ့အကြည့်လေးတောင် မစွန့်ကြဲတက်ပါတဲ့

ထို့ကြောင့်လဲ ဂျေဒီးက နိုနို့ကို မိန်းကလေးအတိုင်း ပုံပြောင်းပေးခဲ့ခြင်းဖြစ်သည်

သခင်~သခင်Where stories live. Discover now