Part-3

10.8K 546 9
                                    

Zawgyi

ဒေမွန် ဖုန်းကြည့်နေရင်း ဝရန်တာဘက် လျှောက်လာခဲ့လိုက်သည်

မျက်လုံးထောင့်နားက ဖြူဖြူအရိပ်လေးတစ်ခုကြောင့် ခြံထဲငုံ့ကြည့်လိုက်တော့

သူ့ကောင်လေး စနိုဝီ

အကျီအဖြူလေးနှင့် ဘောင်းဘီဒူးအထိ အဖြူလေးကို တွဲဝတ်ထားသည်က အဖြူရောင် နှင်းလုံးလေးလို

ဘာတွေသဘောကျနေသည်မသိ ပြုံးလို့

ဒေမွန် ဖုန်းပဲပြန်အာရုံစိုက်လိုက်သည် သို့သော် သူ့စိတ်ထဲ ထူးဆန်းနေသလို

သေချာအောင် ဝရန်တာထောင့်အထိလျှောက်သွားပြီး ကြည့်လိုက်တော့မှ စနိုဝီကတစ်ယောက်ထဲမဟုတ်

ခြံထဲမှာကောင်လေးတစ်ယောက်နဲ့ စကားပြောနေခြင်းဖြစ်သည်

သူချက်ချင်းပဲ အိမ်အောက်သို့ ဆင်းသွားလိုက်သည်

တံခါးကိုဆွဲအဖွင့် စနိုဝီကတံခါးဘက်ကို လျှောက်လာနေတာကြောင့် အသာမမြင်အောင် နေနေလိုက်သည်

စနိုဝီကသူ့ကိုမတွေ့ အိမ်ထဲဘက်ထိ လျှောက်သွားလေသည်

သူပုန်းနေရာကနေထွက်ပြီး ခြံထဲဆင်းလာခဲ့သည်

ခုနကကောင်ကို ရှာကြည့်သည် မတွေ့

'သခင်လေး ဘာရှာနေတာလဲ'

အိမ်တော်ထိန်း မစ္စတာဖရန့်ရဲ့အသံကို ကြားမှ

'ခုနက စနိုဝီနဲ့စကားပြောနေတဲ့ ကောင်လေးကို တွေ့လိုက်လား'

'အော် လာရီကိုပြောတာထင်တယ် သခင်လေးတွေ့ချင်လို့လား ခေါ်လိုက်ရမလား'

'မလိုဘူး ခုလဲမတွေ့ချင်ဘူး နောက်လဲ မမြင်ချင်ဘူး သူ့ကို ဝိုင်စက်ရုံကို အလုပ်သမားအဖြစ်ပို့လိုက် ဒီခြံထဲကို ထပ်ပြီးခြေမချစေနဲ့'

ဖရန့်က အနဲငယ် အံ့သြသွားသည့်ပုံ သို့သော်

'ကောင်းပါပြီ သခင်လေး'

သခင်~သခင်Where stories live. Discover now