Part-10

7.1K 427 5
                                    

Zawgyi

ဒေမွန့် အကြောင်းကို ပြောရမယ်ဆိုရင် သူ့အဖေနဲ့ အမေအကြောင်းကနေ စပြောရမည်

သူ့အဖေက အကုန်သိထားသလို မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီး အယ်မွန်

ဒေမွန်အမေ ဒေလီယာကို အလိုမတူပဲ အတင်းအကျပ် သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်

ဒေလီယာက တစ်မြို့လုံးရဲ့ အချောအလှလေး ပထမတော့ အေးဆေးစွာပဲ သွားရောက်တောင်းရမ်းခဲ့သည်

ဒေလီယာက လက်မခံသည့်အပြင် ဒီလို လူဆိုးဂိုဏ်းတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် မလုပ်နိုင်ကြောင်း အပြတ်ငြင်းလွှတ်သည်

ထို့ကြောင့် ဒေလီယာရှေ့တွင်ပင် သူမအကိုကို သတ်ပစ်ခဲ့ပြီး မိဘနှစ်ပါးကိုပါ ဖမ်းခေါ်လာခဲ့သည်

ဒေလီယာက အယ်မွန်ဆီ လိုက်လာကာ သူမမိဘတွေကို လွှတ်ပေးရန် ရှိခိုးမတက် တောင်းပန်ခဲ့သည်

အယ်မွန်ကလဲ သူ့ကိုလက်ထပ်ပြီးမှ လွှတ်ပေးနိုင်မည် ဆိုသောကြောင့် ဒေလီယာ ခေါင်းညိတ်ခဲ့ရသည်

မင်္ဂလာဦးညမှာပင် ဒေလီယာ ငြင်းဆန်နေသည့်ကြားမှ အယ်မွန်က ဒေလီယာကို မရမကသိမ်းပိုက်ခဲ့သည်

သူမမိဘတွေကိုလဲ အဝေးတစ်နေရာကို ပို့ပစ်ခဲ့သည်

ဒေလီယာနှင့် ​လုံးဝတွေ့ခွင့်မပေးခဲ့ချေ

ဒေလီယာ ကိုယ်ဝန်ရှိမှန်းသိရတော့ ကို့ကိုယ်ကို အဆုံးစီရင်ပစ်ရန် ခဏခဏကြိုးစားခဲ့သည်

ဒီသွေးသားကို လုံးဝလက်မခံနိုင်ကြောင်းပြောပြီး ဖျတ်ချပစ်ရန် မျိုးစုံကြိုးစားသည်

အစက အယ်မွန် အချိန်ပြည့်စောင့်ကြည့်ပြီး တားနေသော်လဲ ခေါင်းမာလွန်းသော ဒေလီယာကြောင့် အချုပ်ခန်းတစ်ခုလုပ်ကာ ထည့်ထားခဲ့ရသည်

ကိုယ်ဝန်သည်ဆိုသော်လဲ အချုပ်ခန်းထဲမှာ လက်တွေကော ခြေထောက်တွေပါ သံကြိုးခတ်ထားခဲ့သည်

ဒေလီယာကိုလဲ သူချစ်သည် ဘာလေးမှန်း မသိရသေးသော ကလေးလေးကိုလဲ သူလိုချင်သည်

ဒေလီယာက ကိုယ်ဝန်ဆောင်ချိန် တစ်လျောက်လုံး အချုပ်ခန်းထဲမှာသာ နေခဲ့ရသည်

သခင်~သခင်Where stories live. Discover now