Part-1

26K 759 12
                                    

Zawgyi

စေတန် မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီးအယ်မွန် ၏ သားဖြစ်သူ ဒေမွန်တစ်ယောက် စိတ်ရှိလက်ရှိ ပေါက်ကွဲနေမိသည်

မာမီဆုံးသွားတာတောင် မကြာသေးဘူး ဒယ်ဒီက နောက်မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတော့မည်တဲ့

မိထွေးမှာ သားတစ်ယောက်တောင် ပါသေးသည်တဲ့

ဒယ်ဒီဆေးမိသွားတာများလား သူ့ကိုလဲ ခေါ်ပြီးအသိပေးရုံသာ နက်ဖြန်အိမ်ကိုလာကြမည်တဲ့

အဟက် တွေ့ကြသေးတာပေါ့ကွာ မြွေတွင်းမှန်း သိရဲ့သားနဲ့ ခုန်ဆင်းချင်တဲ့သားအမိ

ငါ့ဒယ်ဒီကို ပိုက်ဆံကြည့်ပြီးယူတဲ့မိန်းမ လာပါစေဦး

အိမ်ရှေ့မှာကားတစ်စီးထိုးရပ်လာတာကို ဒေမွန်တစ်ယောက် ဧည့်ခန်းကဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ကာ စောင့်နေလိုက်သည်

ကြိုစရာလား

ဒယ်ဒီကိုကြည့်လိုက်တော့လဲ ဒယ်ဒီကအေးဆေးပဲ စာရင်းတွေ တွက်နေတာမို့ သူတောင်ဇဝေဇဝါဖြစ်သွားသည်

ဒါလဲကောင်းတာပဲ တစ်ခါထဲ အစွယ်ကျိုးသွားတာပေါ့

အိမ်တော်ထိန်းကြီး ဝင်လာတာနဲ့ နောက်ကိုလှမ်းကြည့်လိုက်မိသည်

အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေသည်

သားဖြစ်နိုင်သည့် ကောင်လေးလက်ကိုကိုင်ကာ အိမ်ထဲလှမ်းဝင်လာနေတဲ့ သူ့မိထွေးဆိုသူက ကြောက်နေသည့်ပုံ

'သခင်ကြီး သူတို့ကိုဘယ်မှာထားလိုက်ရမလဲ'

အိမ်တော်ထိန်းကမေးလိုက်တော့ ဒယ်ဒီက

'ငါ့မိန်းမကို ဘယ်နားမှာထားချင်သေးလို့လဲ ငါ့အခန်းပို့လိုက်'

Laptopကနေ အကြည့်မခွာပဲ ပြောလိုက်လေသည်

'ဟုတ် ဟိုကောင်လေးကိုကော'

ဒယ်ဒီ ဒေါသထွက်လာပြီထင်သည်

'ဘာလဲ ငါကသူ့ပါခေါ်ထားရမှာလား ရှုပ်တယ် အစေခံတန်းလျားကိုသာ ပို့လိုက်'

ထိုကောင်လေးကို ကြည့်မိတော့ ကြောက်လွန်းလို့ တုန်တောင်နေပြီ

သခင်~သခင်Where stories live. Discover now