23

3.2K 251 6
                                    

Zawgyi

ခုနေ့က ကျောင်းကပွဲနေ့ ဖြစ်သည်

တစ်မြို့လုံးမှာ အခမ်းနားဆုံးဖြစ်သော မြို့တော်ခန်းမကို ကျောင်းကငှားထားခဲ့လေသည်

တစ်မြို့လုံးရဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းတစ်ကျောင်းက ဒီလောက်တော့ လုပ်ရမည် မဟုတ်လား

ပွဲကညနေမှ စမှာဖြစ်သော်လဲ မနက်ထဲက အခမ်းအနားပြင်ဆင်သူများနှင့် အသက်ဝင်နေလေသည်

'နိုနို အဆင်ပြေလား'

'အင်း ရ ရပါတယ်'

'မရလောက်ဘူး အလှပြင်ဆိုင်ပဲ သွားရအောင်နော် မဟုတ်ရင် သိသွားလိမ့်မယ်'

ကျောင်းကပွဲဆိုရင် သူ့ထက်ငါအပြိုင် အလှဆုံးဖြစ်အောင် လုပ်တက်ကြသော ကျောင်းသူများအကြောင်းကို ဂျေဒီးသိပါသည်

နိုနို့မျက်နှာလေးက နဂိုလှတယ် ဆိုသော်လဲ ဒီတိုင်းလွှတ်လိုက်လို့မရ

နိုနိုက ကောင်မလေးမဟုတ် ကောင်လေးတစ်ယောက်သာ ဖြစ်သည်

'လာပါ နိုနိုရယ် ခုနေ့တစ်ရက်လောက်တော့ သည်းခံလိုက်ပါနော်'

နိုနိုကမသွားချင် ဂျေဒီးကလဲ အတင်းခေါ်နှင့် သူတို့နှစ်ယောက် မနက်ထဲက အချေအတင်ဖြစ်နေတာ ညနေပင် ရောက်ခါနီးနေပါပြီ

'နိုနို မသွားရဲဘူး'

'ကို့နားမှာပဲနေလေ ကို ကတိပေးတယ်ကွာ နိုနို ဘာမှမဖြစ်စေရဘူးလို့'

'ဟို အကိုဂျေဒီး နှာခေါင်းကကော အဆင်ပြေလားဟင်'

နိုနိုက သူ့မျက်နှာကို လက်ညှိုးလေးနှင့်ထိုးကာ မေးလေသည်

သူ့နှာခေါင်းက ကျောင်းကကောင်လေး ခေါင်းနှင့်စောင့်သွားသောကြောင့် ပလာစတာ ကပ်ထားရလေသည်

နိုနို့အမေးကြောင့် ဂျေဒီး ကို့နှာခေါင်းကို ပြန်ကိုင်ကြည့်လိုက်သည်

'သြော် ဒါလား ရပါတယ် အသေးအမွှားလေးပါ'

နိုနိုက အလှပြင်ရမည်ကို အတော်ကြောက်ပုံရပါသည်

ဂျေဒီး အထပ်ထပ်အခါခါ ကတိတွေပေးကာမှ အလှပြင်ဆိုင်သို့ ပါလာလေတော့သည်

သခင်~သခင်Where stories live. Discover now