Part-11

6.9K 435 9
                                    

Zawgyi

စနိုဝီ ကျောင်းကပြန်ရောက်တာနဲ့ အိမ်အပေါ်ကို တက်လာခဲ့သည်

လှေကားပေါ်ကနေ ဆင်းလာနေသော အန်တီဂရေ့ကို တွေ့တာကြောင့်

'အန်တီဂရေ့ သခင်ရော နေကောင်းလား'

အန်တီဂရေ့က သက်ပြင်းချလိုက်ရင်း

'ဟင်း...နိုနို့သခင် မနက်ထဲက အခန်းထဲကနေ အခန်းပြင်ထွက်မလာသေးဘူး ဘာမှလဲ မစားဘူး'

'ဟမ် သခင့်ကို ဘာမှသွားမကျွေးကျဘူးလား'

'နိုနိုရယ် သခင်လေးဆီကို ဘယ်အစေခံကများ အရဲစွန့်ပြီး သွားရဲမှာလဲ'

ဒါကတော့ အန်တီဂရေ့ပြောတာ မှန်ပါသည်

'အမှန်ဆို သခင်လေးက သနားစရာကလေးပါ ဒေလီယာ ဒေလီယာ ညည်းလုပ်ခဲ့တာတွေကို မြင်စေချင်တယ်'

အန်တီဂရေ့ ညည်းညူနေသော်လဲ စနိုဝီ သိပြီးသားတွေမို့ မေးမနေတော့ပဲ

'အန်တီဂရေ့ နိုနို့ကို စားစရာတစ်ခုခု စီစဉ်ပေးပါလား'

'အေးအေး နိုနို အန်တီဂရေ့ ပြင်ထားလိုက်မယ်'

စနိုဝီ အခန်းထဲရောက်တာနဲ့ ကျောပိုးအိတ်ကို ပစ်ချခဲ့ကာ အောက်ထပ်ပြန်ဆင်းလာခဲ့သည်

မီးဖိုခန်းထဲမှာ အန်တီဂရေ့က စားစရာတွေကို ဗန်းတစ်ခုထဲထည့်ပေးထားသည်

'အန်တီဂရေ့ နိုနို ယူသွားပြီနော်'

'အေး နိုနိုလေး ပူမယ်နော် သတိထား'

စနိုဝီ ဗန်းကိုကိုင်ပြီး ဒေမွန့်အခန်းနားကို ခြေသံဖွဖွ လျောက်သွားလိုက်သည်

ဒေါက်...ဒေါက်...

'ပိတ်မထားဘူး'

အထဲမှ ဒေမွန့်အသံ ခပ်သြသြက ထွက်လာသည်

စနိုဝီ ဗန်းမထားရတာကြောင့် ကျောကုန်းနဲ့ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်

အထဲမှာ သခင်က ရုပ်ရှင်ကားတစ်ကားကို ထိုင်ကြည့်နေသည်

နိုနို့ကိုမြင်တော့ ရုပ်ရှင်ကားကို ပိတ်ပစ်လိုက်ပြီး မျက်ခုံးတွေ တွန့်ကွေးသွားသည်

သခင်~သခင်Where stories live. Discover now