43

858 49 0
                                    

Uni

'နိုနို စနိုဝီ'

'ဝီလျှံ ချာတိတ် မင်းတို့ ဘယ်မှာလဲ'

ဒေမွန်နှင့်ဂျေဒီးတို့ အတွင်းဘက်ဆုံးထိ ဝင်လာကာ ဝီလျှံနှင့်နိုနို့ကို လိုက်ရှာနေမိသည်

ဝီလျှံ ဘာလုပ်ရမလဲ ဆိုတာကို စဥ်းစားရင်း ပြာနေတဲ့ဆံပင်တွေပါ ဖြူချင်လာသည်

နိုနိုကတော့ အဖြူပြောင်းထားတာမလို့ ကိစ္စမရှိ

'မင်းလဲ နဲနဲလောက်ကူပြီး စဥ်းစားပေးစမ်းပါဦး'

နိုနိုက ခုနတုန်းကလောက် တုန်လှုပ်မနေတော့ နဲနဲလောက် တည်ငြိမ်လာပြီ ဖြစ်သည်

'ငါ ငါ ကြိုးဖြေပြီး အလေးချိန်များတဲ့ဟာ တစ်ခုခု သွားရှာလိုက်မယ်လေ'

ကောင်းလိုက်တဲ့ ဦးနှောက်ဟုသာ ဝီလျှံ စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်

'အေး အဲ့ချိန် ငါသေနေပြီ'

'ဒါ ဒါဆို မင်းသွားရှာလိုက်လေ'

'အေး အဲ့ချိန် မင်းသေနေပြီ'

နိုနိုလဲ သူပြောသမျှ အလုပ်မဖြစ်သောကြောင့် ပါးစပ်ပဲ ပိတ်ထားလိုက်ရသည်

ငါ ဘာလို့များ သူ့ကို စဥ်းစားခိုင်းလိုက်မိပါလိမ့် ဟုတွေးရင်း ဝီလျှံ သက်ပြင်းချကာ ခေါင်းပဲယမ်းမိတော့သည်

'နိုနို'

'ဝီလျှံ'

ဝီလျှံနားထဲတွင် သူတို့ကို အော်ခေါ်နေသံကို ကြားလိုက်ရသည်

'နိုနို နားထောင်ကြည့်စမ်း ငါတို့ကို ခေါ်နေတာမလား ဂျေဒီးတို့မလား'

ဝီလျှံ စကားကြောင့် နိုနိုလဲ ဂရုတစိုက် နားထောင်ကြည့်လိုက်သည်

'နိုနို'

'ဝီလျှံ'

သေချာပါပြီ ဒါ သူတို့ကို ခေါ်နေတာပဲ ဖြစ်သည်

ဝီလျှံ အစက သူပဲလွတ်ပြီး ကြားချင်ရာ ကြားနေသည်ဟု ထင်မိသည်

'ဂျေဒီး ကျွန်တော်တို့ ဒီဘက်မှာ ဒီမှာ'

'ကို...အဲ..သ...အွန်'

'မင်း ဘာတွေ အဲ အွန် ဖြစ်နေတာလဲ အော်စမ်းပါ ကျယ်ကျယ်လေး'

ဒီတစ်ခါတော့ ဝီလျှံ နိုနိုကို စိတ်တိုလာပါပြီ

သခင္~သခင်Where stories live. Discover now