Part-16

4.2K 257 6
                                    

Zawgyi

'စနိုဝီ မင်း ဒီနိုင်ငံကနေ ထွက်သွားရမယ်'

ဒေမွန့်ကုတင်ဘေးက ခုံပေါ်မှာထိုင်နေတဲ့ စနိုဝီ့ကို အယ်မွန်က ပြောလိုက်သည်

ဒေမွန် သတိလစ်နေတာ ငါးရက်တောင် ရှိနေပါပြီ

သွေးသွင်းပိုက်တွေကော ဆေးထိုးပိုက်တွေပါ တန်းလန်းဖြစ်နေတဲ့ သခင့်ကိုကြည့်ပြီး ရင်ထဲစို့တက်လာမိသည်

'ငါ မင်းအတွက် ဘာမှလိုလေသေးမရှိအောင် အကုန်စီစဉ်ပေးမှာမလို့ ဒေမွန် သတိရမလာခင် ထွက်သွားလိုက်ပါ'

ခုချိန်မှာတော့ စနိုဝီ့ကို ကယ်နိုင်မဲ့သူ တစ်ယောက်မှ မရှိတော့ပါ

နိုနို သူ့မိခင် အဲလစ်ကို အားကိုးတကြီး မော့ကြည့်လိုက်မိသည်

အဲလစ်က အသာအယာပြုံးပြလိုက်ရင်း

'ဒါ နိုနို့အတွက် စဉ်းစားပြီး စီစဉ်လိုက်ရတာပါ ဒီမှာဆို နိုနို့အတွက် အရမ်းအန္တရာယ်များလွန်းတယ် ပြီး မားလဲ ခုထက်ပိုပြီး မကာကွယ်နိုင်တော့ဘူး'

'မားမား.....'

စနိုဝီ သူ့မိခင် အဲလစ်ကိုဖက်ပြီး စိတ်ရှိတိုင်း ငိုပစ်လိုက်သည်

သခင်ကြီး အယ်မွန်ကတော့ အခန်းထဲကနေ ထွက်ခွာသွားပါပြီ

ခုအချိန်အခန်းထဲမှာ စနိုဝီနှင့် သတိရမလာသေးသော ဒေမွန်သာ ရှိနေပါသည်

စနိုဝီ ဒေမွန့်လက်ကို ဆုပ်ကိုင်လိုက်ရင်း

'သခင် နိုနို ထွက်သွားရတော့မယ် ခုချိန် သခင်သာ သတိရလာရင် နိုနို့ကို ဆွဲထားမှာမလား နိုနို မားနဲ့လဲ မခွဲနိုင်ဘူး'

ပြောရင်း မျက်ရည်တွေက အတားအဆီးမဲ့စွာ ကျဆင်းလာတော့သည်

သူ့ဘဝတွင် အခင်တွယ်ရဆုံးက မိခင်ဖြစ်ပြီး နောက်ထက်ခင်တွယ်မိသည်မှာ သူ့သခင်သာဖြစ်သည်

ခုတော့ နှစ်ယောက်လုံးနှင့် ခွဲရပါတော့မည်

သူ ဘယ်လိုသတ္တိတွေနှင့် ရှေ့ဆက်သွားရမလဲ စဉ်းတောင်မစဉ်းစားချင်ပါ

ထို့နောက် မျက်ရည်တွေကို ပွတ်သုတ်ပစ်လိုက်ပြီး ဒေမွန့်လက်ကိုလွှတ်ကာ ထိုအခန်းထဲကနေ ထွက်လာခဲ့လိုက်သည်

သခင်~သခင်Where stories live. Discover now