EP4(U+Z)

4.5K 595 19
                                    

[U ]

EP4 ပွေ့ဖက်မှုလေး

ကျန်းဝမ်ရွှီ စိတ်မသက်မသာဖြင့်စတူဒီယိုထဲမှထွက်လာခဲ့လိုက်တယ်၊

17နှစ်အရွယ် ဟယ်ကျစ်ရှု အားတွေ့ရမည်ကို တုန်လှုပ်မိနေသကဲ့သို့ ဟယ်ကျစ်ရှုကို
မမြင်ရမှာကိုလည်း ကြောက်ရွံ့မိနေတယ်။

အိပ်မက်မက် နေသည်ဖြစ်စေ,အတိတ်ကို
ပြန်ရောက်ခဲ့သည်ဖြစ်စေ,ဟယ်ကျစ်ရှုကို
သူ မျက်နှာချင်းမဆိုင်ဝံ့ဘူး။

ကျန်းဝမ်ရွှီ အသက်18နှစ်အရွယ်တုန်းက ,
ဟယ်ကျစ်ရှု ကို မရေမတွက်နိုင်တဲ့ ကတိတွေပေးခဲ့ပြီး မည်သည့်အခါမှ နောက်ပြန်မဆုတ်ကြောင်း ပြောခဲ့ပေမယ့် အသက်32နှစ်အရွယ်မှာတော့ ထို ပေးခဲ့တဲ့ ကတိတွေအကုန်
သူကိုယ်တိုင်ပဲ ဖောက်ဖျက်ခဲ့မိတယ်။

ငယ်ရွယ်နုပျိုချိန် သိမ်ငယ်စိတ်တွေနဲ့ရှိခဲ့
ပေမယ့် ထို ကောင်လေးက ကျန်းဝမ်ရွှီကို
ပျော်ရွှင်မှုတွေသာပေးခဲ့တယ်။

ကျန်းဝမ်ရွီီက အကျွမ်းတဝင်ရှိပုံမရတဲ့ ပတ်ဝန်းကျင်ကို တချက်ကြည့်ပြီး လျင်မြန်နေတဲ့ ခြေလှမ်းတွေကတဖြေးဖြေးပင် နူးညံ့
သိမ်မွေ့လာခဲ့တယ်။

ခုလက်ရှိက 2001ဆိုတာကို ကျန်းဝမ်ရွှီ အတည်မပြုလိုသလိုဝတ်စားဆင်ယင်ပုံ ဗိသုကာ ဒီဇိုင်းတွေနဲ့ ပတ်ဝန်းကျင်မှလူတွေရဲ့ ပုံစံနဲ့လည်း မေးခွန်းမထုတ်လိုခဲ့။

လောလောဆယ်ဟယ်ကျစ်ရှုကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာကိုလည်း ကျန်းဝမ်ရွှီ အလေးအနက်ပင် သံသယဖြစ်နေတယ်။  မတင်မကျဖြစ်မှုနှင့်အတူ ရှုပ်ယှက်ခတ်နေတဲ့ အတွေး တွေက ဟယ်ကျစ်ရှုကို တွေ့မြင်နိုင်ရန်သူ့ကို တမုဟုတ်ခြင်းတွန်းအားပေးနေပြီးနောက်ဆုံးတွင်ခုလက်ရှိ မည်သူကမှအောင်နိုင်သူရယ်လို့ မရှိသေးဘူး။

ရုတ်တရက် ဘောလုံးလေး တစ်လုံးက
သူ့ ခြေထောက်အနီးသို့ လိမ့်လာတယ်။

"ကျန်းဝမ်ရွှီ, ဘာလို့ အဲ့မှာရပ်နေတာလဲ ?
မင်း ပန်းချီ သွားမဆွဲဘူးလား? ငါတို့ဘောလုံးကို ဒီကို ပြန်ပစ်လိုက်စမ်းပါ"

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now