EP43(U+Z)

1.2K 154 0
                                    

[ U ]

ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှု အပြီး
ဟယ်ကျစ်ရှု တညလုံး ကောင်းစွာအိပ်မပျော်နိုင်ခဲ့ဘူး၊ အိုက်ကျိယွီလည်းတချိန်လုံးထိုနည်းတူပင်၊ ကောင်းစွာမအိပ်နိုင်
လျက်ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။

ဒီတကြိမ် တွင် မာမားဟယ်ကလက်ခံပေမဲ့
အရာအားလုံးက သူတို့တွေးသလိုရိုးရှင်းတယ်လို့တော့မဟုတ်ဘူး၊၊ပါပါးဟယ်ကရှင်းရှင်းလင်းလင်းမပြောပေမဲ့ ဒေါသနဲ့ လည်းအလျင်စလို ငြင်းပယ်တာမျိုးမရှိခဲ့
ဘူး။ဟယ်ကျစ်ရှု အတွက် စိတ်ကိုလျော့
ကာ အံ့သြစရာကောင်းလောက်သည်အထိ
ငြိမ်သက်နေပေမဲ့ အတွေးတွေကတော့တိတ် တဆိတ်ပင်ရုန်းကန်နေရတယ်။ဟယ်ကျစ်ရှုရဲ့စကားတွေကိုလည်းသူလက်မခံနိုင်သေးဘူး။ ဟယ်ကျစ်ရှုကငယ်ရွယ်သေးတာမို့
မသိနားမလည်တာကြောင့် အဓိပ္ပာယ်မရှိ
တာတွေလျှောက်ပြောနေတယ်လို့သူခေါင်း မာစွာ တွေးနေမိတုန်းပဲ။ဟယ်ကျစ်ရှု
အသက်နှစ်ဆယ်ရှိပြီဆိုတာကိုလည်း
မေ့ထားပုံရတယ်။

ဟယ်ကျစ်ရှု တစ်ညလုံးစိတ်ပင်ပန်းစွာရှိနေလျက် ငြိမ်းချမ်းစွာပင်အိပ်မပျော်နိုင်
ခဲ့ဘူး။

နောက်တနေ့ မနက်တွင် သူအိပ်ရေးမဝ
တဲ့ပုံစံဖြင့် ထိုင်းမှိုင်းနေတယ်၊အဲ့ဒီအပြင်
ကျန်းဝမ်ရွီကလည်းမနက်အစောကြီး
ရောက်လာတယ်၊သူ့မိခင်ကိုတစ်ခုခုပြောရင် ကျန်းဝမ်ရွီ ဘာတွေပြောမလဲသူမသိသလို သူ့မိခင်ကလည်း ဘာတွေ မေးမလဲဆိုတာ
ကို သူမသိတာမို့ အိပ်ရာထဲ ဆက်မနေနိုင်တော့ဘူး။ဒါကြောင့်မို့ အိုက်ကျိယွီကိုပါ နှိုးကာ မျက်နှာသစ်ရန်အတူ ထလာလိုက်တယ်။

မနေ့ကလိုပင်ကျန်းဝမ်ရွီ၏အံ့အားသင့်နေတဲ့ အကြည့်တွေ အောက်မှာပဲ ရေချိုးခန်းဆီသို့
သူဝင်လာလိုက်တယ်၊ မာမားဟယ်ရဲ့အ
ကြည့်တွေကို ခံစားမိနေပြီး ထိုအကြည့်တွေက အိုက်ကျိယွီ ဆီသို့ ဦးတည်နေတယ်။

အိုက်ကျိယွီလည်း မာမားဟယ်ရဲ့အကြည့်စူးစူးတွေကိုသတိထားမိပြီးအိပ်ငိုက်နေရာမှ ချက်ခြင်းပင်နိုးကြားလာကာနောက်သို့လှည့်
မကြည့်ဘဲ ရေချိုးခန်းဆီသို့သွက်လက်စွာဝင်လာလိုက်တယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now