EP13(U+Z)

2.2K 347 3
                                    

[U ]

EP13 နွေဦးပွဲတော် ပြီးဆုံးချိန်

ဒီနှစ်၏နွေဦးပွဲတော်မှာတော့,ဟယ်ကျစ်ရှု
အလွန်အမင်းသက်တောင့်သက်သာရှိနေတယ်၊ ဆောင်းရာသီအားလပ်ရက်၌
ဟယ်ကျစ်ရှု မိသားစုနှင့်အတူ နေထိုင်ပြီး
ဆွေမျိုးတွေဆီ သွားရောက်လည်ပတ်ကာ ဆုတောင်း မေတ္တာပို့သ၍ နှစ်သစ်မိတ်ခွန်းဆက်စကားပြောကြားခဲ့တယ် ၊ သူက
ထိုကဲ့သို့သော အကြောင်းအရာတွေနဲ့
အလွန်ပင်အလုပ်များနေခဲ့တယ်။

အထက်တန်းကျောင်းဒုတိယနှစ်တုန်းကတော့ ဆောင်းရာသီ အားလပ်ရက်အဖြစ်ကျောင်းမှပေးခဲ့ပါသော်လည်း ခုလောက်ထိ
အပြည့်အဝ မပျော်ခဲ့ရသလို စိတ်ကျဥ်းကြပ်မှု အငွေ့ အသက်တို့ကိုမဖြေလျော့နိုင်ခဲ့ဘူး။

အတိတ်ကာလတုန်းကဆို,နှစ်သစ်ကူးအကြိုည ရောက်လာမှာကိုတောင် ဟယ်ကျစ်ရှု ဝန်လေးနေမိတယ်၊ထပ်ပေါင်း ပြောရမယ်ဆို,
စာကျက်ဖို့နဲ့ စာတွေ မလိုက်နိုင်မှာကိုလည်း
စိုးရိမ်ခဲ့ရသလိုသူ့နှင့်လိုက်လျောညီထွေ
မရှိနိုင်မည့် လူတွေနှင့်လည်း သူမဆုံချင်ဘူး။

အဲ့ဒီလိုတွေကြောင့် အဲ့ဒီလို အချိန်တွေတိုင်း
အကြောင်းအမျိုးမျိုးပြကာ ရှောင်ရှားလေ့ရှိခဲ့တယ်၊သူက အဘိုးကို စောင့်ရှောက်ရန်
အိမ်မှာသာနေခဲ့ပြီးသူ့ပါပါး နှင့် မာမားတို့
က ဆွေမျိုးတွေဆီအလည်အပတ်သွားကြတယ်။

အဲ့ဒီအချိန်ကဆို သူစိမ်းတွေနဲ့ မတွေ့လို
သည့်အပြင် ကျန်းဝမ်ရွှီနှင့်အတူ နှစ်သစ်ကူးပွဲတော်အား ဆင်နွှဲလိုသည့် တကိုယ်ကောင်းဆန်မှုလည်းရှိခဲ့ဖူးတယ်။

သူ့ပါပါးနဲ့ မာမားထွက်သွားတဲ့အခါ,သူက စာအုပ်ဝယ်ရန် ရှိသည်ဟု အဘိုးကို လိမ်၍
အပြင်သို့ထွက်တယ်၊ အမှန်တကယ်တော့,
ကျန်းဝမ်ရွှီ က သူ့ကို တံခါးဝမှာလာစောင့်
နေခြင်း ဖြစ်ပြီးသူတို့တနေကုန်အပြင်မှာ ကောင်းကင်ကြီးမှောင်သည့်အချိန်ထိ
အတူရှိခဲ့ကြတယ်။

ကျန်းဝမ်ရွှီ နှင့်အတူရှိခဲ့ဖူးတာကိုဟယ်ကျစ်ရှု ပြန်၍အမှတ်ရနေခဲ့ပြီးထိုအချိန်တုန်းကတော့မိနစ်တိုင်း စက္ကန့်တိုင်းသူနှင့်သာအတူနေချင်ခဲ့တယ်၊ ဟယ်ကျစ်ရှုက စကားနည်းသူမို့
ကျန်းဝမ်ရွှီဘက်ကသာအစချီ၍စကားပြော
ရလေ့ရှိပြီး တခါတလေပြောစရာမရှိတော့
သည့်အခါဟယ်ရူက အလိုက်သင့်ပင် သူတို့နှစ်ယောက်ကြားလေထုအား ပြန်လည်ချိန်ညှိ
လေ့ရှိခဲ့တယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now