EP15(U+Z)

2.3K 340 7
                                    

[ U ]

EP15 ဘိုးဘိုးဆုံးပါးခြင်း


ဟယ်ကျစ်ရှု တစ်ယောက်ခြံထဲမှ စံပယ်ပင်တွေကို ကြည့်ရင်း သက်ရှိထင်ရှားရှိနေဆဲ ဖြစ်တဲ့ ရေလောင်းနေသောသူ့ အဘိုးကို
ကြည့်လိုက်တယ်။ဟိုးတချိန်က သူ့ဘိုးဘိုး မှာခဲ့ဖူးသောစကားတွေ ဖြစ်တဲ့သူ့ကိုယ်သူ
ဂရုစိုက်ဖို့, စာကြိုးစားဖို့, နောင်တချိန် မိဘတွေကို ပြန်ကြည့်ဖို့ ချမ်းသာကြွယ်ဝဖို့
မတောင်းဆိုပဲ ဘဝတလျှောက်လုံး အေးချမ်း
လုံခြုံစေဖို့စသည်တို့အား သူပြန်အမှတ်ရနေမိတယ်။

ဒါပေမဲ့ ဟယ်ကျစ်ရှု တစ်ယောက် သူ့ကိုယ်သူ အမှတ်အနည်းငယ်သာပေးမိတယ်၊ကျန်းဝမ်ရွီီရဲ့ "ကိုယ်မင်းကို လိုအပ်တယ်"ဆိုတဲ့ စကားတခွန်းကြောင့်  အသက်19နှစ်မှာ တက္ကသိုလ်
မတက်ခဲ့ဘဲ ကျန်းဝမ်ရွှီ နောက်သို့ မဆိုင်းမတွ
လိုက်သွားခဲ့မိတယ်၊ တက္ကသိုလ်တက်ဖို့
ဘဝရည်ရွယ်ချက်တွေလည်း သူနှင့်အတူ
လွင့်ပါးပျောက်ကွယ်ခဲ့ရတယ်။

ဟယ်ကျစ်ရှု တစ်ယောက်အရာအားလုံးကို
စွန့်လွှတ်၍ လောင်းကြေးထပ်ပြီး ဘေဂျင်း၌ လှပတဲ့ ကမ္ဘာကြီးတစ်ခုဖန်တီးဖို့ 5ရက်ကနေ 9ရက်လောက်ထိအစာအိမ်ထဲမှအရည်တွေပင် အန်ထွက်လာသည်အထိ ပါတနာတွေနဲ့
မရပ်မနား အရက်တွေလည်း သောက်ခဲ့ရဖူးတယ်။

ဒါပေမဲ့ နောက်ဆုံး၌ အချိန်ကောင်းတွေ ဖြစ်လာတဲ့အခါ မိဘတွေကို ဆုံးရှုံးလိုက်
ရပြန်တယ်၊သူကိုယ်သူအပြစ်တင်မိရင် နောင်တတွေသာပွေ့ပိုက်မိခဲ့တယ်။ပူပန်မှု ကင်းမဲ့တဲ့ ဘဝလေးကနေ ကျောင်းလည်း
ဆက်မတက်၊ မိဘတွေကိုလည်း မစောင့်ရှောက်နိုင်ပဲ ဝမ်းနည်းမှုတွေသာရခဲ့ရတယ်။

ဘိုးဘိုးရဲ့ စကားတွေကို လိုက်နာဖို့ရာပျက်ကွက်ခဲ့ရုံသာမက မှားယွင်းမှုတွေထဲ
ကျရှုံးရင်းအမှားတွေသာထပ်ဆင့်ကဲကာ
လုပ်မိခဲ့တယ်။

ဒါကြောင့်မို့ ခုလက်ရှိဟယ်ကျစ်ရှုကတော့
မှားယွင်းတဲ့ခြေလှမ်းအားယောင်လို့တောင်
လှမ်းဖို့ စိတ်ကူးမရှိဘူး၊အချစ်ဆိုတာကရော
ဘာမို့လဲ? ချစ်နေရုံနဲ့ အာဟာရဖြစ်လာ
မည်မှ မဟုတ်တာပဲ။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now