EP26(U+Z)

1.6K 234 4
                                    

[ U ]

ကျန်းဝမ်ရွီ အိုက်ကျိယွီနှင့် ဖုန်းပြောပြီး နောက်ပိုင်း ယခင်ထက်ပို၍ ရင်းနှီး လာကာ
စကားတွေလည်း ပိုပြောဖြစ်လာတယ်။

ရံဖန်ရံခါ အိုက်ကျိယွီ နှင့် ဖုန်းခေါ်ကာ စကားပြောပြီး ဟယ်ကျစ်ရှု ၏လက်ရှိအခြေအနေကို မေးမြန်းနေခဲ့တယ်။ဟယ်ကျစ်ရှု ၏အဆုတ်ပိုးဝင်ခြင်းက ပြင်းထန်
သည့် ရောဂါမဟုတ်ပေ။သာမန် အသေး
အဖွဲဖျားနာခြင်းသာဖြစ်ပြီး ရက်အနည်း
ငယ် အတွင်း သက်သာပျောက်ကင်းနိုင်
မည်ဖြစ်တယ်။

အိုက်ကျိယွီကလည်း ကျန်းဝမ်ရွီ အနည်းငယ် ပုံမှန် မဟုတ်တာကို သတိပြုမိသည်ကကြာပြီဖြစ်တယ်။ ကျန်းဝမ်ရွီက ဟယ်ကျစ်ရှုနာမည် မပါဘဲ ဘာကိုမှ သူမလုပ်နိုင်၊ ဖုန်းပြောတဲ့အခါတိုင်း ဟယ်ကျစ်ရှု အကြောင်း
ကိုသာ ပထမဦးစားပေးမေးတယ်။

ဒါပေမဲ့ ကျန်းဝမ်ရွီကတော့ ဟယ်ကျစ်ရှု အတွက် သူ့ခံစားချက်တွေကအထူးအဆန်းရယ်လို့ မမှတ်ယူတာကို မြင်နိုင်တယ်။ သူနဲ့
ဟယ်ကျစ်ရှုက အတန်းဖော် သူငယ်ချင်းတွေလို့ ပြောရင်တောင်, အိုက်ကျိယွီကတော့ သူတို့ နှစ်ယောက်ကြား ပတ်သက်မှုကသိပ်မရိုးရှင်းဘူးလို့ ခံစားမိတယ်။

ဟယ်ကျစ်ရှုကတော့ တံခါးတစ်ချပ်လို သူ့ နှုတ်ခမ်းအား တင်းတင်းပင်စေ့ပိတ်ထားပြီး
ကျန်းဝမ်ရွီ အကြောင်းပြောပါက ချက်ခြင်း
စကား လမ်းကြောင်းလွှဲ သွားခဲ့တယ်။ ဒီလိုမဟုတ်လည်း သူက ခပ်ဖွဖွသာရယ်နေလေ့
ရှိတယ်။

ကျန်းဝမ်ရွီ အား ရှောင်တိမ်းလိုသော အမူအရာအား ပြနေသည့် ဟယ်ကျစ်ရှုရဲ့
အနေအထားကို အိုက်ကျိယွီ မြင်နေခဲ့တယ်။
သူက အလွန်အကင်းပါးသူဖြစ်တယ်။ အပေါ် ယံ ၌ ဟယ်ကျစ်ရှုက ကျန်းဝမ်ရွီအားအလွန်အ မင်း မနှစ်သက်ပုံ ရနေပေမဲ့ အထိန်း အကွပ်မဲ့နေသော မျက်လုံးတွေထံမှရှက်ရွံ့မှုအား ဖုံးကွယ်ထား၍ မရနိုင်ခဲ့ဘူး။

ကျန်းဝမ်ရွီလည်း ထိုနည်းတူပဲ။ ဟယ်ကျစ်ရှု ဆီလာတိုင်း မျက်လုံးတွေက တောက်ပနေပြီး ထိန်းချုပ်မှု ကင်းမဲ့စွာ ဟယ်ကျစ်ရှုအားချဥ်း ကပ်ကာ ကြင်နာယုယမှုအားလိုချင်နေတယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now