EP11(U+Z)

2.4K 390 19
                                    

[ U ]

EP11ကိုယ်စောင့်နေမယ်

" ကျန်းဝမ်ရွှီ , မင်းက ငါ့ကို ဘယ်လို
လူမျိုးလို့ ထင်နေတာလဲ? မင်းလိုအပ်တဲ့အချိန်လာပြီးမင်းမလိုအပ်တဲ့အချိန်ဘေးဖယ်ထားတဲ့ အသုံးချခံ ပစ္စည်းလား?
မင်းကိုယ်မင်းငါကအသက်35နှစ်ကျန်းဝမ်ရွှီ
ပါလို့ ပြောတာကို ကြားရတဲ့အခါ, ငါဘာကို တွေးလိုက်မိလဲ မင်းသိလား! ?"

ဟယ်ကျစ်ရှု ကျန်းဝမ်ရွီအားရူးသွပ်စွာပင်
စိုက်ကြည့်နေမိရင်းသူ့ရင်ထဲမှဒေါသတရားတို့ အား အလုံးစုံဖွင့်ချလို့ မရနိုင်လျက်ရှိနေခဲ့တယ်။

အချိန်အတော်လေး ကြာသွားချိန်မှ
ဟယ်ကျစ်ရှု သူကိုယ်သူတည်ငြိမ်အောင်ကြိုးစားပြီး နှုတ်ခမ်းထောင့်တွေကို
တွန့်ကွေးမိလိုက်တယ်။

" ဘာလို့မင်းဒီကို ရောက်လာတာလဲ?
ဘာလို့ မင်းကပါငါ့လိုပြန်ပြီး မွေးဖွားလာ
တာလဲ? မင်းမှာ အန္တရာယ်ရှိနေလို့လား
ဒါမှမဟုတ် တစ်ခုခု ဒုက္ခရောက်တာများ
ရှိနေလို့လား ? ..အဲ့လိုတွေငါတွေးမိတယ်"

"ငါကလေ...မင်းအကြောင်းတွေကိုတောင်
မသိစိတ်ကနေ တွေးနေမိတုန်းပဲ..
မင်းအတွက် အကုန်လုံးကို တွေးနေခဲ့တာ.."

ဟယ်ကျစ်ရှု ကျန်းဝမ်ရွှီအနီးသို့ ခြေလှမ်း တစ်လှမ်းစာ၏တဝက်မျှတိုးလိုက်ရင်း
ကျန်းဝမ်ရွှီရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်ကာပြောလာတယ်၊

" ဒါပေမဲ့ မင်းကရော ! မင်းအတွက်ပဲစဥ်းစားနေခဲ့ပြီး ငါ့ဘက်ကို ကျခုထိ ဟိုတုန်းကလိုပဲ
မင်းတခါမှ မစဥ်းစားခဲ့ဘူး!"

ဟယ်ကျစ်ရှုက ရက်စက်လွန်းတဲ့ စကားတွေနဲ့ သူ့နှလုံးသားအား သေမိန့်ချလာပြန်တယ်။

ကျန်းဝမ်ရွီီ ဆို့နင့်စွာဖြင့် မျက်ရည်များစီးကျလာခဲ့တယ်၊

" မဟုတ်ဘူး...မဟုတ်ဘူး ရှောင်ရှု ...ကိုယ်မင်းကို အရမ်းချစ်တယ်၊ ကိုယ်မင်းကို အရမ်းလွမ်းနေခဲ့တာ..ဘယ်လိုလုပ်ပြီး မင်းဘက်ကို
မတွေးပေးဘဲ နေခဲ့မှာလဲ..ကိုယ်ကဘယ်လို
ဖြစ်ပြီး မင်းကို ဂရုမစိုက်ဘဲ နေမှာလဲ! "

"လွန်ခဲ့တဲ့ လေးနှစ်အတွင်း, ကိုယ်မင်းကို
ရူးမတတ်လွမ်းနေတာ, ကိုယ့်ရဲ့ ရက်စက်
တဲ့လုပ်ရပ်တွေကိုပါ ကိုယ်အသေအချာ ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်၊ကိုယ်လေ...
ကိုယ်ဒီလေးနှစ်အတွင်းနောင်တတွေရနေခဲ့
တယ်"

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now