EP25(U+Z)

1.6K 246 6
                                    

[ U ]

ကျန်းဝမ်ရွီ ဟယ်ကျစ်ရှုထံ မက်ဆေ့များစွာ
ပေးပို့ခဲ့သော်လည်း စာပြန်လာခြင်းမရှိခဲ့။

ကျန်းဝမ်ရွီ ရထားလက်မှတ်တစ်စောင်ချက်ခြင်းဝယ်ပြီး ဟယ်ကျစ်ရှုဆီပြေးကြည့်ဖို့
ပြင်တယ်၊သို့ပေမဲ့ ယခုအချိန်က အရေးပေါ်ကာလ ထုတ်ပြန်ထားချိန်ဖြစ်ပြီး ပြည်နယ်အားလုံးတွင် ဆားစ်ရောဂါလူနာရှိရာမှအခြားနေရာများသို့ကူးစက်မည်ကို စိုးရိမ်တာမို့
ဘေဂျင်းလိုမြို့ကြီးမှာတောင် ခရီးသွား
မည့်သူအလွန်နည်းပါးနေတယ်။

ကျန်းဝမ်ရွီတစ်ယောက် ဟယ်ကျစ်ရှုရှိရာ
ဆေးတက္ကသိုလ်ထံသို့ သွားရန်အတွက်
ဘေဂျင်းမှ ထွက်လို့မရဖြစ်နေပြီး
ကျန်းဝမ်ရွီ၏သူဌေး ကျိုးကော်ချွမ်းသည်လည်း ဆားစ်ရောဂါကူးစက်ခံနေရတယ်။

သူခုလောလောဆယ်ဘယ်မှသွားမရဘူး။
ကုမ္ပဏီက သူ့ကို လိုအပ်တယ်။ကျိုးကော်
ချွမ်းကလည်း သူ့ရဲ့ ဂရုစိုက်မှု ကို လိုအပ်တယ်၊ အခုဟယ်ကျစ်ရှုကလည်းနေမကောင်း ဖြစ်နေတယ်၊ ကျန်းဝမ်ရွီ တကယ်ကြီးစိတ်နှစ်ခွဖြစ်နေပြီ၊ နှစ်ယောက်စလုံးကသူ့အတွက် အရေးကြီးတာမို့ဘယ်သူ့ကိုမှမထားခဲ့နိုင်ဘူး။

ဒါပေမဲ့ သူဘာကိုမှအလောတကြီးမလုပ်နိုင်ဘူး၊ သူအပြင်လည်းထွက်လို့မရသလို
ဟယ်ကျစ်ရှု အနားလည်း သွားလို့မရဘူး။
ဒါပေမဲ့ ဟယ်ကျစ်ရှုဘေးမှာ သူ့ကို ဂရုစိုက်ပေးနိုင်တဲ့ အိုက်ကျိယွီ ရှိသေးတယ်။

ဒါကို စဥ်းစားမိမှ ကျန်းဝမ်ရွီ တစ်ယောက်
ရုတ်တရက် အိုက်ကျိယွီ နဲ့ဆက်သွယ်လို့
ရသေးတာကို သတိရသွားတယ်။

သူ့ဦးနှောက်ပတ်လမ်းတွေတကယ်ကြီး
ရှော့ရိုက်သွားတာကို တွေ့ရပြီး အိုက်ကျိယွီ
ကို သူတကယ်မစဥ်းစားမိဘူး။

ကျန်းဝမ်ရွီ ချက်ခြင်း အိုက်ကျိယွီဆီ
ဖုန်းခေါ်လိုက်တယ်။

"ဟယ်လို"

အိုက်ကျိယွီ ဖုန်းကိုင်တယ်။

" အိုက်ကျိယွီ, အခု ရှောင်ရှု အခု မင်းဘေး
မှာရှိလား? သူဘာလို့ ငါ့ဆီ စာမပြန်တာလဲ? သူဘယ်လိုနေလဲ?"

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now