EP22(U+Z)

1.7K 256 14
                                    

[ U]

EP22 ဒါဆိုမင်းရော ?

ဟယ်ကျစ်ရှု နောက်လှည့်မကြည့်ဘဲအိပ်ဆောင်ဆီသို့ တန်းတန်းမတ်မတ်
ဝင်လာခဲ့လိုက်တယ်။

ကျန်းဝမ်ရွီကတော့ ယခုအချိန်မည်သို့ခံစားနေမည်ဆိုသည်ကို မသိပေမယ့် သူ့ စိတ်ကတော့ တည်ငြိမ်နေလျက်မည်သို့မျှ
လှုပ်ရှားခြင်းပင်မရှိနေခဲ့။

ကျန်းဝမ်ရွီက တက္ကသိုလ်တခါမှမတက်ဖူး
ခဲ့တာမို့ တက္ကသိုလ်ရဲ့ သဘောသဘာဝကိုလည်းမသိခဲ့ဘူး။ ဟယ်ကျစ်ရှုသာမရှိပါကတက္ကသိုလ်မြေထဲသို့ သူခြေဦးလှည့်နိုင်မည်
မဟုတ်ခဲ့၊ သူ့အတိတ်ကတွေးခဲ့ဖူးတဲ့ တက္ကသိုလ်ကလည်းမည်သို့ဆိုတာကို
သူနားလည်မည်မဟုတ်ခဲ့။

ဒီနေ့တွင်မူ သူက တက္ကသိုလ်နယ်မြေသို့
ခြေချခဲ့ပြီး လူငယ်တွေရဲ့ ငယ်ရွယ်နုပျို
မှုနှင့်တက်ကြွ ရွှင်လန်းမှုတို့ကို ခံစားမိနေတယ်၊တက္ကသိုလ်ထဲတွင် လူပေါင်းများစွာ
တို့ရဲ့ ရယ်မောသံ၊စကားသံတွေနဲ့ ပြည့်နှက်နေတယ်၊ရယ်မောသံနှင့်အတူလိုက်လျော
ညီ ထွေရှိနေသည့်လေထုကသူ့ကိုယစ်မူး
စေတယ်။

ကျန်းဝမ်ရွီ က သူတက္ကသိုလ်မတက်မိခဲ့လို့
အနည်းငယ်မျှနောင်တရနေမိခဲ့ပေမဲ့ နောက်ဆုံးတွင် သူကကျောင်းတက်ဖို့
ရည်ရွယ်ချက်ရှိခဲ့တာမှမဟုတ်ခဲ့ပဲ။

ဒါပေမဲ့ ဒီတက္ကသိုလ်ကြီးက သူ့ရှောင်ရှု လေး၏ နှလုံးသားထဲတွင် မြုပ်နှံခဲ့ရသည့်
နောင်တတရားတွေထဲကအကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့တယ်၊ဟယ်ကျစ်ရှုက သူ့ရဲ့
ရည်ရွယ်ချက်တွေကိုအကုန်စွန့်လွှတ်ပြီး
ဘေဂျင်းသို့ မဆိုင်းမတွလိုက်ခဲ့ရှာတယ်၊
ဟယ်ကျစ်ရှု ၏နှလုံးသားထဲမှ သိမ်းဆည်းထားခဲ့တဲ့ နောင်တတရားတွေကလည်း
သူ့ရက်စက်မှု တွေကြောင့် အဝေးသို့လွင့်စင်ခဲ့ရတယ်၊ သူ့ရဲ့ ကျောထောက်နောက်ခံတစ်ခုပမာ နှစ်ပေါင်းများစွာ ဆိုးရွားမှုတွေကို ကြံ့ကြံ့ခံခဲ့ပြီး ကျစ်ရှုဘက်မှသူ့ကိုတခါမှအပြစ်မတင်ခဲ့ဖူးဘူး။

ဒါပေမဲ့ ကျန်းဝမ်ရွီ အများကြီး သိနေခဲ့တယ်၊

သူသိခဲ့ပေမဲ့ သူဘာအသုံးကျခဲ့လဲ?
အဲ့ဒီအချိန်က ဟယ်ကျစ်ရှု တက္ကသိုလ်ကိုလည်းလက်လွှတ်ခဲ့ရသလို ကုမ္ပဏီရဲ့များစွာသောကိစ္စတွေမှာလည်း ကျစ်ရှုရဲ့ လုပ် ဆောင်ချက်နဲ့ ကျစ်ရှုရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို လိုအပ်ခဲ့တယ်၊နောက်ပိုင်း ကုမ္ပဏီ
တဖြေးဖြေး ကြီးမားလာချိန် ကျန်းဝမ်ရွီက
များစွာရှုပ်ထွေးပွေလီလှသော ကုမ္ပဏီ
ကိစ္စတွေကြောင့်ကျစ်ရှုအားပို၍ပို၍ လျစ်လျူရှုခဲ့မိတယ်၊နောက်ပိုင်းတွင်
ကျစ်ရှုဘာမှလုပ်ရန်မလိုအပ်တော့ပေမဲ့
ကျန်းဝမ်ရွီကတော့ ထိုကိစ္စတွေကို
မေ့လျော့နေခဲ့တယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now