EP12(U+Z)

2.4K 364 4
                                    

[ U ]

EP12  အတိတ်သို့ စေရာ

ကျန်းဝမ်ရွှီနှင့် စကားပြောဆိုပြီးနောက်
ဟယ်ကျစ်ရှုက ပို၍ပင် တည်ငြိမ်သည်
ထက်တည်ငြိမ်လာတယ်၊ သူကကျောင်း
သွားကျောင်းလာရှိနေဆဲ ဆိုပေမယ့်အရင်
ကထက်စာပိုကြိုးစားပြီး ပို၍လည်း စကား
နည်းလာတယ်လို့ ကျန်းဝမ်ရွှီခံစားမိတယ်။

ဒါပေမဲ့ သူ့မျက်လုံးလေးတွေက ကြည်လင်ပြီးတောက်ပနေဆဲ၊ ဆံနွယ်လေးတွေကလည်း နက်မှောင်ပျော့ပျောင်းနေမြဲ၊ ရိုကျိုးပြီးယဥ်ကျေးသိမ်မွေ့နေမြဲ၊ ထို့အတူသူ့နှလုံးသားအောက်ခြေမှ နူးညံ့သိမ်မွေ့ မှု
တွေကို ဆုပ်ကိုင်ထားမြဲ။

သို့သော် ဟယ်ကျစ်ရှု ၏မျက်ခုံး မျက်လုံးများ၌ဝမ်းနည်းမှု အရိပ်အယောင်တွေပင်
ရှိနေလျက် သူ၏ပိန်ပါးတဲ့ ခန္ဓာကိုယ်ကြောင့်
လူအများကို သနားဂရုဏာသက်စေတယ်။

ကျန်းဝမ်ရွှီ ၏အမြင်မှာတော့, ဟယ်ကျစ်ရှု၏
လူငယ်ပုံ သဏ္ဌာန်က အမြဲတမ်း ပိန်ပိန်ပါးပါးလေး ဖြစ်နေပုံရပေမယ့် ယခုပုံစံကသူနေမကောင်းဖြစ်ခဲ့စဥ်တုန်းကလိုပို၍ပင်ပိန်ပါး
လာသည်ဟု တွေးမိတယ်။

ကျန်းဝမ်ရွှီ ဟယ်ကျစ်ရှု နှင့် စကားပြောပြီး ချိန် ကတည်းကဟယ်ကျစ်ရှုကိုသူလုံးဝ
အနှောင့်အယှက်မပေးခဲ့ပေမယ့်တိတ်တ ဆိတ်ဖြင့်သာဟယ်ကျစ်ရှုကို မျက်ခြေမပြတ် လိုက်ကြည့်နေပြီးဟယ်ကျစ်ရှုသူ့ထံမှ ထွက်သွားခြင်းကိုတော့ လုံးဝတားဆီးမည်ပင်၊
ချစ်ခြင်း မေတ္တာဆိုသည်ကရယူလိုခြင်း
တစ်ခုတည်းကသာသာလွန် ကောင်းမွန်ခြင်း မဟုတ်ဘဲ တခါတရံတိတ်တ ဆိတ်လေး
စောင့်ဆိုင်းခြင်းကလည်းနက်ရှိုင်းသောချစ်ခြင်း မေတ္တာတစ်ခုဟုသူလက်ခံထားတယ်။

သူ့ဘေးမှာနေရင်း သူနှင့်အတူ ကျောင်းသွား,
မယ်,သူနှင့်အတူဘတ်စ်ကတ်ဘောကစားမယ်,သူနှင့်အတူ အိမ်စာတွေလုပ်မယ်၊ သူနှင့်အတူ အေးအေးချမ်းချမ်းလေးနေမယ်၊
ဟယ်ကျစ်ရှု သူ့ကို တနေ့နေ့ တချိန်ချိန်ထိ
ခွင့်မလွှတ်သေးဘူးဆိုရင်တောင် ကိစ္စမရှိဘူး၊သူနှင့်အတူအမြဲရှိနိုင်သရွေ့လုံလောက်နေပြီမဟုတ်လား၊

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Waar verhalen tot leven komen. Ontdek het nu