EP39(U+Z)

1.1K 157 0
                                    

[ U ]

"မင်းမိဘတွေကို ပြောမှာလား ? "

" ကျန်းဝမ်ရွီနဲ့ အတူရှိဖို့ ဆုံးဖြတ်ထားလား?"

အိုက်ကျိယွီကတော့အသေအချာရှင်းရှင်း
လုပ်စေချင်ပြီးဟယ်ကျစ်ရှုအတွက်သူ့စကားတွေကမသိနားမလည်သူအားလမ်းခင်းပေးနေခြင်းဖြစ်တယ်။

ဟယ်ကျစ်ရှုရဲ့ မျက်လုံးတွေထဲမှဝမ်းနည်း
ရိပ်တွေကို မြင်လိုက်ရတဲ့အခါသူ့ရဲ့စိတ်ဝင် စားမှုကိုပိုမိုမြင့်တက်လာစေပြီးသူမေးလိုက်တဲ့စကားတွေကဟယ်ကျစ်ရှုအတွက်ရုတ်  တရက်ဆန်သွားနိုင်ပေမဲ့အရာအားလုံးကကျိုးကြောင်းဆီလျော်တယ်။

ဟယ်ကျစ်ရှု ကမိနစ်ပိုင်းမျှအံ့အားသင့်
နေပြီးအိုက်ကျိယွီ ရဲ့ မျက်လုံးတွေကိုမရှောင်လွှဲဘဲအံ့သြစွာဖြင့် ကြည့်လာတယ်။ သို့ပေမဲ့အလွန်အမင်းအလေးအနက်ဖြင့်
ကြည့်လာပြီး အိုက်ကျိယွီရဲ့ ဗြောင်ကျကျ
အကြည့်တွေကိုလည်းကြောက်ရွံ့ခြင်းမရှိခဲ့။ဟယ်ကျစ်ရှု သည်လည်းသူကိုယ်တိုင်ရဲ့ ပြန်လည်တုံ့ပြန်မှုကိုပြန်သတိထားမိရာမှတုန်လှုပ်သွားတယ်။

သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်
စိုက်ကြည့်နေကြပြီး ယမ်းငွေ့တွေမပါပေမဲ့
မျက်လုံးချင်းစစ်ခင်းနေကြသည်ကစစ်မြေပြင်အလားပင်။ဒီစစ်ပွဲက ဘာအတွက်
ဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။

အချိန်အတော်လေး ကြာပြီးတဲ့နောက်
ဟယ်ကျစ်ရှုကပဲအရင်ဆုံးတုံ့ပြန်လိုက်တယ်၊
ဟယ်ကျစ်ရှုက နှုတ်ခမ်းထောင့်လေးကိုတွန့်ကွေးပြီး အပြုံးတစ်ခုအား အားတင်းကာ
ဖျစ်ညှစ်ထုတ်လိုက်ရင်းစိတ်လက်အေးချမ်းနေဟန်ဖြင့် အိုက်ကျိယွီအားပြောလာတယ်,

" မင်းကျန်းဝမ်ရွီ အကြောင်းပြောနေပြန်ပြီ,
ဒီအကြောင်းကိုခဏထားလိုက်ရအောင်"

ဟယ်ကျစ်ရှုကအိုက်ကျိယွီထပ်မေးလာ
မယ့်မေးခွန်းကိုရှောင်နိုင်ဖို့အဓိကအရာကိုရှောင်ရှားကာပေါ့ပေါ့ပါးပါးပဲ အဖြေပေး
လာတယ်။ဟယ်ကျစ်ရှု မေးခွန်းတွေဖြေဖို့
သတ္တိလည်းမရှိဘူး။

အိုက်ကျိယွီက ငြိမ်သက်နေလျက်ပတ်ဝန်း ကျင်လေထုကလည်းအနည်းငယ်အဆင်မပြေဖြစ်နေပေမဲ့ ဟယ်ကျစ်ရှုကိုသာစေ့စေ့
ကြည့်ရင်းပြောလာတယ်,

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now