EP46(U+Z)

1.5K 157 0
                                    

[ U ]

ဖုန်းမြည်သံလေး ထွက်ပေါ်လာတယ်။

'ကျန်းကော"ဟူသောနာမည်လေးပေါ်လာတာမို့ ဟယ်ကျစ်ရှုဖုန်းလက်ခံသည့်ခလုတ်ကို နှိပ်လိုက်တယ်၊ ဟယ်ကျစ်ရှု ဖုန်းကိုင်ရင်းအဝင်ခေါ်ဆိုမှုအား တချက်ကြည့်လိုက်တယ်။

"ကျန်းကော, ကောအခု ပြန်လာနေပြီလား?"

ကျန်းကောလို့ ခေါ်ခြင်းကလည်းနှစ်ပေါင်းများစွာတိုင်မပြောင်းလဲခဲ့ဘူး၊ လောင်ကုန်းနဲ့ လောင်ဖော်လို့ ခေါ်တာနဲ့ နှိုင်းယှဥ်ပါကခုလို
ခေါ်ရတာကပိုအဆင်ပြေတယ်, အခုဆို သူတို့အတူရှိနေခဲ့ကြသည်က ဆယ်နှစ်နှစ်တာရှိပြီ
ဖြစ်သော်လည်း ဆယ်ကျော်သက်လေးတွေလို့ မှတ်ထင်မိနေဆဲပဲ။

ဖုန်းရဲ့ အခြားတဖက်မှ ကျန်းဝမ်ရွီက တုံ့ဆိုင်းနေပြီ ခဏအကြာပြောလာတယ်,

"ရှောင်ရှု , အဲ့ဒါက..ကိုယ်ဒီနေ့ ပြန်မလာနိုင်လောက်ဘူး, ဒီမှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေရှိနေလို့"

"ဒါဆို မနက်ဖြန် ခရစ္စမတ်ကိုရော
ပြန်လာမှာလား?"

"ပြန်မလာဖြစ်လောက်ဘူး"

တကယ်တော့ ဟယ်ကျစ်ရှု ခရစ္စမတ်ကို
သိပ်တော့ ဂရုမစိုက်ဘူး၊ငယ်ရွယ်စဥ်က
တော့ ပွဲတော်တွေကို အလေးထားခဲ့တယ်၊ယခုတွင်မူ ထုံးတမ်းစဥ်လာ တစ်ခုအဖြစ်
သာ ခံစားမိတယ်။လွန်ခဲ့သော ဆယ်နှစ်, ခရစ္စမတ်ပွဲတော်တွေနဲ့ ပွဲတော်ကြီးတွေတိုင်း သူတို့အတူ အချိန်ကုန်ဆုံးခဲ့ကြပြီးမိုးရွာရွာနေပူပူအခက်အခဲတွေကိုလည်း အတူဖြတ်ကျော်ခဲ့ကြတယ်။

ဒါပေမဲ့ဒီနှစ်ထဲမှာ အပြောင်းအလဲ တချို့ရှိလာတယ်၊ကျန်းဝမ်ရွီရဲ့ကုမ္ပဏီကကိစ္စ
တချို့ရှိတာကြောင့်အစည်းအဝေးတက်ရန်နိုင်ငံခြားသို့သွားရတာမို့ ပြန်မလာနိုင်ဘူး။

ဟယ်ကျစ်ရှုက ယခင်ဘွဲ့ရပြီးအလုပ်သင်အဖြစ် စဝင်ခါစတုန်းကလို အလုပ်မရှုပ်တော့ဘူး၊ ဆယ်နှစ်နှစ်တာကာလအတွင်းအခြားသို့လည်း ပြောင်းရွေ့ပြီး မလုပ်ခဲ့၊ အခုဆိုသူက ဆေးရုံအုပ်ကြီး ဖြစ်နေပြီမို့ အားလပ်ရက်
တွေတိုင်း အနားယူလို့ရနေပြီ။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now