EP32(U+Z)

1.5K 216 4
                                    

[ U ]

အချိန်တွေ ကုန်ဆုံးလာတယ်, ဟယ်ကျစ်ရှုရဲ့
တက္ကသိုလ်ကျောင်းသားဘဝလေးသည်လည်းတဖြေးဖြေးကုန်ဆုံးရန် နီးကပ်လာပြီ၊

တက္ကသိုလ်ကျောင်းဖွင့်ရက်တွေ ကုန်ဆုံး
ခါနီးတွင်, ကျန်းဝမ်ရွီရဲ့ကုမ္ပဏီသည်လည်းအလုပ်အနည်းငယ်ပါးနေသည်မို့ ,ဆေး  တက္ကသိုလ်နားမှဟိုတယ်တစ်ခုတွင်အခန်း
ယူပြီး ဆယ်ရက်ကျော်နှစ်ပတ်ခန့်နေထိုင်
ရန် စီစဥ်ခဲ့တယ်။

ဟယ်ကျစ်ရှု ဒါကို သိတဲ့အခါသူ့ကို
အမြင်ကပ်စွာ ပြောလာလေတယ်၊

" မင်းကပိုက်ဆံတွေ အရမ်းပေါနေလို့
သုံးစရာနေရာမရှိလို့ဆေး တက္ကသိုလ်နား
မှာလာဇယားရှုပ်နေတာလား?ကုမ္ပဏီကိုလည်းစိတ်မပူပုံပဲ။ငါတို့ကျောင်းဆင်းပွဲ
က မင်းနဲ့ဘာဆိုင်လို့ လဲ?"

ကျန်းဝမ်ရွီ တစ်ယောက် ဟယ်ကျစ်ရှု ရဲ့ စကားကြောင့် ရယ်မောမိသည်ကမျက်စိပေါက်ပင် ပိတ်သွားတဲ့အထိ။

"အရာအားလုံးကမင်းတစ်ယောက်ထဲ အတွက်ပဲလေ,တခြားဘာမှမရှိဘူး,
မင်းကျောင်းဆင်းခါနီးမို့ကိုယ်လဲ
အတူရှိချင်လို့ပါ"

အိုက်ကျိယွီ တအံ့တသြကြည့်လိုက်မိတယ်,

"ငါဘာလို့ မကြားသင့်တာတွေပဲလာကြား
နေရတာလဲ? ငါနဲ့ရှောင်ရှု တို့ ဟွမ်ချွမ်ကို အတူသွားရဖို့ရှိတယ်, ငါ့အတွက်ခဏလောက် မင်း ပါးစပ်ကြီးပိတ်ထားပေး
စမ်းပါ"

ထိုအခါဟယ်ကျစ်ရှုဒေါသတကြီးထပြောလာတယ်,

" ငါ့ရဲ့ ရှောင်ရှု ကို မင်းနဲ့ အတူ ရှိစေချင်
တယ်လို့ ဒဲ့သာပြောလိုက်ပါတော့လား,
စျေးပေါလိုက်တာ !"

အိုက်ကျိယွီ: " ဒါက...ငါတကယ်အဲ့လိုမရည်ရွယ်ပါဘူး"

ဟယ်ကျစ်ရှု :"....."

ထိုသို့ဖြင့် ကျန်းဝမ်ရွီတစ်ယောက်ဟိုတယ်
မှာ တည်းပြီး ကျန်ရှိနေသောသင်ခန်းစာကို
သင်ယူရန်သွားသည့်ဟယ်ကျစ်ရှုနဲ့အိုက်
ကျိယွီတို့ နောက်သို့ အရှက်မရှိ နေ့စဥ်နှင့်အမျှ တကောက်ကောက်လိုက်နေခဲ့တယ်။

ကျောင်းများ ပြီးဆုံးချိန် အတန်းတိုင်းလိုလိုတွင် ဝမ်းနည်းဖွယ်ရာ အငွေ့အသက်များဖြင့်
ပြည့်နှက်နေခဲ့တယ်။သူတို့တွေ အတူတူ
ငါးနှစ်တာ ရှိနေခဲ့ကြတယ်၊ အခုတော့
သူတို့ မလွဲမသွေခွဲခွာကြရတော့မယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now