EP10(U+Z)

2.5K 376 21
                                    

[ U ]

EP10 တောင်းပန်မှု နှင့် ပျက်သုန်းခြင်း

ကျောင်းချိန် ပြီးတဲ့နောက်,ဟယ်ကျစ်ရှု နဲ့
ကျန်းဝမ်ရွှီတို့ချိန်းဆိုထားသည့်နေရာဖြစ်
သည့်ကစားကွင်းဘက်ဆီသို့ရောက်လာ
ကြတယ်။

ကျောင်းကစားကွင်း၌ ကျောင်းဆင်းချိန်
အားကစားကွင်းကို ဖြတ်ပြန်မည့်သူအချို့မှလွဲ၍ မည်သူမှပင် ရှိမနေဘူး။

ညနေ ငါးနာရီ ၊ခြောက်နာရီရှိနေရောင်ခြည်က မွန်းတည့်ချိန် လောက်ထိမတောက်ပနိုင်လျက်ကျဆင်းလာတဲ့ နေရောင်ခြည်နှင့်အတူ ကောင်းကင်ထက်၌ ကြက်ဥ အကာရောင်လေးချိတ်ဆွဲထားသည့်အလားပူနွေးနွေးနှင့် မှိန်ဖျော့ဖျော့လေးသာကျန်ရှိနေခဲ့တယ်။

ဟယ်ကျစ်ရှု နှင့် ကျန်းဝမ်ရွှီတို့ ကစားကွင်းဘေး လှေကားထစ်များ အနီးတွင်ရပ်လျက်
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
ခြေဆုံးခေါင်းဖျား စိုက်ကြည့်နေမိကြတယ်။

" ကဲပြော...မင်းငါ့ကို ပြောစရာရှိတယ်ဆို,
မင်းဘာပြောချင်လဲ..ငါနားထောင်နေတယ်"

ဟယ်ကျစ်ရှုကအေးတိအေးစက်လေသံဖြင့်
ဦးစွာပဏာမ စကားစလာချေတယ်။

ကျန်းဝမ်ရွီ ဟယ်ကျစ်ရှုအား စေ့စေ့ကြည့်လိုက်တယ်၊ ဆံစလေး၊မျက်ခုံး၊မျက်လုံး၊ မျက်တောင်ဖျားမှသည် နှာတံချွန်ချွန်
နှုတ်ခမ်းရဲရဲလေးထိ တခုဆီပင် လိုက်ကြည့်နေမိတယ်၊သူ့ တကိုယ်လုံး တသိမ့်သိမ့်ပင်
ပူနွေးလာလျက် နှလုံးသားထဲမှာတော့ နာကျင်မှုတွေ ပြည့်နှက်လာတယ်။

ကျန်းဝမ်ရွှီ အံကြိတ်ပြီး ခံစားချက်တွေကို
ထိန်းချုပ်လိုက်တယ်၊သူ့နှာသီးဖျားထိပ်က
အနည်းငယ်ပင်ချဥ်စူးလာပြီးမျက်လုံးများ
လည််းနီရဲလာတယ်၊ကျန်းဝမ်ရွှီ အသက်ပြင်းပြင်း တချက်ရှုပြီး ပြောလိုက်တယ်။

" ဟယ်ကျစ်ရှု , ငါက ကျန်းဝမ်ရွှီ !"

သူ့ အသံနေအသံထားက ပုံမှန်အတိုင်း
ရှိနေတယ်၊သို့ပေမယ့် အသက်ရှုလေ့ကျင့်ခန်း တစ်ခု လုပ်နေသလိုပင် တဘက်လူအတွက်မူ သူ့ရဲ့ ဖိအားကို ခံစားမိစေတယ်။

အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွက်ချစ်​​​မေတ္တာ(MM Translation)Complete✔✔✔Where stories live. Discover now