Chapter Two {Z+U}

10.1K 909 8
                                    

{Zawgyi}

ခန္ဓာကိုယ်ထဲကို အသိစိတ်ပြန်ကပ်လာပြီ ဆိုတာနဲ့ တစ်ကိုယ်လုံး တောင့်တင်းနေပြီး ရင်ဘတ်မှ နာကျင်မှုကို ဦးနှောက်ဆီသို့ သတင်းပို့ဆောင်ပါတော့၏ ။

ဒါပေမယ့် သူ မျက်လုံးမဖွင့်နိုင်သေးပါ ။

ဆိုးဆိုးရွားရွားရေဆာလောင်လာမှုကြောင့် သူ ရေတောင်းဖို့အတွက် နှုတ်ခမ်းကို လှုပ်နိုင်ရန်  ကြိုးစားလိုက်သည် ။

'' ရေ ... ရေပေးပါ ''

သူတောင်းလိုက်ပေမယ့် အချည်းအနှီးပါ ။

လူတစ်ယောက်၏ စကားသံတစ်ခုကိုတော့ ကြားလိုက်ရပေမယ့် လိုချင်သောရေ ရောက်မလာ ။

မဖြစ်တော့ဘူး ။

သူအခု ဘယ်ရောက်နေလဲတောင် မသိဘူး ။

မျက်လုံးဖွင့်ကြည့်မှပါပဲ ။

သူအခုရောက်နေတဲ့ နေရာက အန္တရာယ်ရှိနိုင်လား အကဲခတ် ရဦးမယ်လေ ။

အားကုန်သုံး၍ အစွမ်းကုန်ပိတ်ကျနေသော မျက်ခွံတို့ကို မတင်လိုက်သည် ။

အမြင်အာရုံပြန်လည်ရရှိလာသည်နှင့် ပထမဆုံးမြင်ရသည်က သူ့ကို အံ့သြတကြီး ကြည့်နေတဲ့ ကောင်လေးတစ်ယောက် ။

'' မင်း ... မင်းဘယ်သူလဲ ? ''

ထိုကောင်လေးက ဘာမှပြန်မပြောပဲ သူ့နဖူးကို လာစမ်းသည် ။

ပြီးနောက် သူ့လက်ကိုလည်း ဆွဲယူ၍ သွေးခုန်နှုန်းစမ်းနေသေး၏

'' တော်တော်ထူးဆန်းတာပဲ ။ အဖျားလည်း ကျသွားတယ် ။ သွေးခုန်နှုန်းလည်း ပုံမှန်ပြန်ဖြစ်နေပြီ ။ အင်း ... မင်းရဲ့ ကိုယ့်ခံအားက တော်ရုံတန်ရုံမဟုတ်ဘူးပဲ ။ ''

ကောင်လေးကို ကြည့်ရတာ သူ့ကို အန္တရာယ်ပြုမည့်ပုံမပေါ်ပါ ။

ဆေးတောင် ကုထားပေးပုံရ၏ ။

'' မင်းကဘယ်သူလဲ ? ငါကရော ? ဘာလို့ ဒီရောက်နေတာလဲ ? ''

သတိရလာလာခြင်း မေးခွန်းတွေ ဆက်တိုက်မေးနေသော သူ့ကို ကြည့်ကာ ထိုကောင်လေးက

'' စကားသိပ်မပြောနဲ့ဦး ။ မင်းက နေကောင်းသေးတာ မဟုတ်ဘူး ''

SUPERNATURALWhere stories live. Discover now