Chapter Seventeen {Z+U}

5.3K 494 7
                                    

Zawgyi

ဂိုဂူလျော နန်းတော်တွင်းရှိ အိမ်ရှေ့စံမင်းသား၏ နန်းဆောင်၌ ... ... ... ။

" အိမ်ရှေ့စံမင်းသားလေး ... မင်းသား Chan Yeol ရောက်နေပါတယ် "

အထိန်းတော်ကြီး၏ အသိပေးသံကို ကြားရသောအခါ နန်းဆောင်တွင်းရှိ အိမ်ရှေ့စံမင်းသား Park Sun Yeol သည် ပြုံးလိုက်၏ ။ သူ၏ ရှေ့တွင် ထိုင်နေကြသော အမတ်ချုပ်ကြီးနှင့် သမားတော်ချုပ်ကြီးပါ ပြုံးကြသည် ။ သူတို့၏ အပြုံးက ရိုးရိုးနှစ်လိုဖွယ် အပြုံးမျိုးတော့ မဟုတ် ။

" ဝင်လာခိုင်းလိုက် "

အိမ်ရှေ့မင်းသား၏ ခွင့်ပြုချက် ရသောအခါ Chan Yeol လည်း နန်းဆောင်တွင်းသို့ ဝင်သွားလိုက်သည် ။ အိမ်ရှေ့စံမင်းသားနှင့်အတူ အမတ်ချုပ်ကြီး ၊ သမားတော်ချုပ်တို့ကိုပါ မြင်လိုက်ရသောအခါ စိတ်အလို မကျသလို Chan Yeol မျက်ခုံးတို့ကို တွန့်ချိုးလိုက်၏ ။ အန္တရာယ်အငွေ့အသက်တို့ကို သူ ခံစားမိနေပါသည် ။

" ဘာကိစ္စလဲ Chan Yeol ! "

မင်းသားလေးက သူ့ကို မော့ကြည့်ပြီး မေးသောအခါ သူက မင်းသားကို တစ်လှည့် အမတ်ကြီးတို့ကို တစ်လှည့် ကြည့်လိုက်ပြီး ... ...

" ကျွန်တော် hyunim နဲ့ပဲ ပြောချင်လို့ ။ ဖြစ်မလား ? "

အမှန်ပြောရလျှင် အမတ်ချုပ်ကြီးနှင့် သမားတော်ချုပ်တို့ကို Chan Yeol လုံးဝ မနှစ်သက်ပါ ။ နှစ်ယောက်လုံးက အာဏာကို နှစ်သက်မက်မောပြီး လာဘ်လာဘ်ယူ ကိစ္စများနှင့်လည်း မကင်းဘဲ အကျင့်မကောင်းသူများ ဖြစ်ကြောင်း သူသိထားပြီးသားမို့ ။ ဒီလို လူမျိုးတွေနှင့် အိမ်ရှေ့မင်းသား အတူတူ တွဲရှိနေခြင်းက လုံးဝ မကောင်း ။

" ဒါပေမယ့် hyung က သူတို့နဲ့ ပြောလို့ မပြီးသေးဘူး ။ ဘာကိစ္စမို့လို့လဲ ? ဒီလို ပြောလို့ မဖြစ်ဘူးလား ? "

Chan Yeol သက်ပြင်းချလိုက်ကာ မင်းသားလေးရှေ့ ဝင်ထိုင်ပြီး ... ...

" ဘာလို့ ဈေးသည်တွေဆီက အခွန်ကို နှစ်ဆတိုးကောက်ခိုင်းတာလဲ hyungnim ... ?? "

Chan Yeol က အိမ်ရှေ့စံမင်းသားကို မေးပေမယ့် ဖြေသောအခါ သမားတော်ချုပ်ကြီးက ဖြေသည် ။

SUPERNATURALWhere stories live. Discover now