Chapter Twenty-Six {Z+U}

6.2K 521 18
                                    

Zawgyi

Na Na's pov :

မင်းသား Chan Yeol ကို နန်းပြင်ထုတ်ထားခဲ့သော်ငြား မင်းသား၏ ကြင်ယာတော်ဖြစ်သော ကျွန်မကို ဘုရင်မင်းမြတ်က နန်းတွင်းမှာပဲ ဆက်နေစေခဲ့၏ ။

လက်စားချေရသည်မှာ အရမ်းလွယ်ကူလွန်းနေသောအခါကျ ပျင်းရိဖွယ်ပင် ကောင်းနေသည် ။

ကျွန်မ ဘာကိုမျှ ကြိုးစားအားထုတ်မှု မပြုသော်လည်း ခပ်လွယ်လွယ်နှင့်ပင် Chan Yeol ကို နာကျင်ခံစားရအောင် ပြုလုပ်နိုင်ခဲ့ပြီ ။

ယခု ချစ်ရသူနှင့် သေကွဲ,ကွဲရသော ဝေဒနာကို ဒင်း ကောင်းကောင်းကြီး သိရှိနေလောက်ပြီ မဟုတ်လား ။

ချစ်ရသောသူ အသက်ဆုံးရှုံးသွားရပြီ ဟူသည့် သတင်းမျိုး ကြားရလျှင် ဒင်း ဆောက်တည်ရာမရ ဖြစ်သွားမည်မှာ အသေအချာ ။ ရူးပင် သွားလေမလား ?

သို့သော်ငြား ~~

ဘာဖြစ်လို့များပါလိမ့် ?

ကျွန်မ ကောင်းကောင်းကြီး လက်စားချေနိုင်ခဲ့ပြီလေ ... ဘာလို့ ကျွန်မ ရင်ထဲ ပျော်ရွှင်မှု ဆိုသည့် ခံစားချက်မျိုး မတွေ့ရှိတာပါလိမ့် ?

Chan Yeol ဆိုသည့် ယောက်ျားသားကို ကျွန်မ အလွန်အမင်း ချစ်မိသွားတာပဲ ။ သူ့ရဲ့ အပြုံး ၊ သူ့ရဲ့ အကြည့် ၊ သူ့ရဲ့ ချောမောလွန်းသော ရုပ်ရည်မှာ ကျွန်မ အရမ်းချစ်ရပါသော အကိုရဲ့ သေဆုံးမှုကိုတောင် မေ့နေမိခဲ့သည်အထိ ~

ယခု Baek Hyun ဆိုသည့် သူက သည်လောကမှာ အသက်ဆက်ရှင်စရာ အကြောင်းမရှိတော့ ... နောက်ဆုံး Chan Yeol က သူမရင်ခွင်တွင်းသို့သာ သက်ဆင်းရတော့မည် ။

ကျွန်မ နန်းရင်ပြင်ထဲ သွားလာနေခိုက်မှာ နန်းတွင်းသူများ၏ ကဲ့ရဲ့ပြောဆိုနေမှုများကို မကြာခဏ ကြားရပါသည် ။

ရယ်စရာ ကောင်းသည်က သူတို့၏ အမြင်မှာ ကျွန်မက အလွန် သနားစရာ ကောင်းသော မိန်းကလေး တစ်ယောက် ဖြစ်နေခြင်းပင် ။

မိမိ၏ ခင်ပွန်းသည်က မိမိအဆောင်ကို တစ်ခါလေးတောင် မလာရသည့်အကြောင်းအရင်းက မိမိခင်ပွန်းသည်မှာ လိင်တူ ယောက်ျားတစ်ယောက်ကို အရူးအမူး ချစ်နေမိခြင်းကြောင့် ဟူသော အဖြစ်မျိုး ရင်ဆိုင်နေရသည့် သနားစရာ မိန်းကလေးတစ်ယောက် ဖြစ်နေပါရောလား ...

SUPERNATURALWhere stories live. Discover now