Chapter Twenty-Five(18+) {Z+U}

8.6K 480 8
                                    

Zawgyi

မျက်ရည်များကို သုတ်လိုက်ပြီး ရှေ့ဆက်သွားဖို့ ပြင်လိုက်သောအချိန်တွင် အနောက်ဖက်မှ သူ့လက်ကို လှမ်းဆွဲလိုက်သော လက်တစ်စုံကြောင့် Baek Hyun အလွန် ထိတ်လန့်သွားသည် ။

" အားးးးးးးးး ~~ ငါ့ကို လွှတ် !!! ငါ့ကို လွှတ် !!!!! "

သူ့လက်ကို လာရောက်ဆုပ်ကိုင်သော လက်၏ အထိအတွေ့ကို ခံစားလိုက်ရပြီးနောက်တွင် ရင်ခွင်တစ်ခုထဲ ကျရောက်ကာ သူ့လက်မောင်းနှစ်ဖက်ကို ဖမ်းဆုပ်ထားသည်မို့ Baek Hyun မျက်လုံး စုံမှိတ်ပြီး စွတ်အော်နေမိသည် ။

" Baek ... Baek Hyun ah ! "

" ဟင် ! "

ထိုအသံ ~~
ထိုလူ့ထံမှ ထွက်ပေါ်လာသော အသံသြရှရှ ကြောင့် Baek Hyun ရုန်းကန်နေရာမှ ငြိမ်ကျသွားပြီးနောက်တွင် မဝံ့မရဲဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်သည် ။

ပျော်ရွှင်မှု ၊ ဝမ်းသာမှု ၊ ကြည်နူးမှု ၊ လွမ်းဆွတ်မှု

ထိုလူကို မြင်တွေ့လိုက်ရပြီးနောက် ဘာမျှမလုပ်နိုင်သေးခင်မှာ အမျိုးမျိုးသော ခံစားချက်တွေကြောင့် Baek Hyun ၏ ပါးပြင်ထက် မျက်ရည်များ လိမ့်ဆင်းကျလာခဲ့သည် ။ ထိုလူ၏ ပါးပြင်မှာလည်း Baek Hyun လို မျက်ရည်များဖြင့် ။

" Chan Yeol ah ! "

ထိုလူမှာ Baek Hyun အလွန်အမင်း တွေ့ချင်နေသော၊ သေလောက်အောင် မျှော်လင့်နေမိသော ၊ အသက်တမျှ ချစ်ရသော Park Chan Yeol ပင် ဖြစ်ပါသည် ။

--

တွေဝေတုံ့ဆိုင်ခြင်း မရှိပဲ Baek Hyun သူ၏ လက်နှစ်ဖက်ကို Chan Yeol ဂုတ်ပိုးတွင် ရစ်ပတ်လိုက်ကာ မျက်နှာကို Chan Yeol ၏ ရင်ခွင်ထဲ အပ်ထားလိုက်တော့သည် ။

ပျော်ရွှင်မှုကြောင့် စီးကျနေသည့် မျက်ရည်များက Chan Yeol ၏ ခပ်နွမ်းနွမ်း ချည်အင်္ကျီလေးတွင် စိုရွှဲလို့ နေပြီ ။ ရက်အတန်ကြာ မထိရ မကိုင်ရ ဝေးနေကြသော ချစ်သူနှစ်ဦးမှာ တစ်ဦးကို တစ်ဦး လွတ်ထွက်သွားမှာ စိုးသည့် အလား ဖက်တွယ်ထားကြ၏ ။

Chan Yeol ၏ တင်းကျပ်သော ဖက်တွယ်မှုကြောင့် Baek Hyun အရိုးတွေ ကျိုးကြေလောက်သည် ဖြစ်သော်လည်း သူ နည်းနည်းလေးမျှ မမှုပါ ။

SUPERNATURALWhere stories live. Discover now