Chapter Seven {Z+U}

6.6K 710 5
                                    


Zawgyi

Baek Hyun's pov :

'' Lu Han ah ... ... ... !!! ''

အာပြဲလျှာပြဲနှင့် အော်ကာ ဝင်လာသူမှာ ... Kim Jong Dae ။

Lu Han ကုတင်ဘေးမှာ ထိုင်နေသော ကျွန်တော့်ကို တွေ့သော် နှစ်လိုဖွယ် ပြုံးပြလိုက်သေးသည် ။ မပြုံးလည်း တွန့်ကွေးနေသော Jong Dae ၏ နှုတ်ခမ်းပါး အစွန်းကလေးများကို ကျွန်တော် သဘောကျပါသည် ။ သူ့မျက်နှာမှာ ဆွဲဆောင်မှု တစ်ခုလို ဖြစ်သွားစေသည်လေ ။

'' မင်းအဖေ မသေသေးပါဘူးကွာ ... အာကလည်း ပြဲလိုက်တာ ''

Lu Han က ကုတင်ခေါင်းရင်းကို အားပြု ထိုင်နေရင်းကနေ Jong Dae ကို လှမ်းဟောက်လိုက်သည် ။

ဒါနဲ့ ... ဘာလို့ Chan Yeol က ရောက်မလာတာလဲ ?

'' Chan Yeol ဆိုတဲ့ကောင် စိမ်းကားတယ်ကွာ ... ငါ့ကို လာတောင် မကြည့်ဘူး ... ''

Lu Han သည် Chan Yeol သူ့ဆီ မလာတာကို ကျေနပ်ပုံမရပါ ... ။

'' အဲ့ကောင်လား ... ခဏနေ ရောက်လာပါလိမ့်မယ်ကွာ ... အဲဒီ့ နလပိန်းတုံးက နှလုံးသားရေးရာ ကိစ္စတချို့ကို ရေရေလည်လည် သုံးသပ်နေတယ် ''

Jong Dae က ပြောရင်း ဆိုရင်းနဲ့ ကျွန်တော့်ကို ကြည့်ပြီး ရွှတ်နောက်နောက်ပြောဆိုသဖြင့် ... ကျွန်တော်လည်း အူကြောင်ကြောင်ဖြင့် ပြန်ကြည့်နေလိုက်ပါသည် ။

* နှလုံးသားရေးရာ ကိစ္စ တချို့ ?? Chan Yeol ဆီမှာ ချစ်ရမယ့် သူ ရှိနေပြီလား ?? *

ရင်ဘတ်ထဲမှာ ခဲနဲ့ ဆွဲထားသလို လေးလေးလံလံကြီး ဖြစ်လာပြီးနောက် ... စိတ်ဓာတ်တို့မှာလည်း ရစရာအောင် ဟိုးအောက်ကြမ်းပြင်ထိ ထိုးဆင်းသွားလေပြီ ။

* ဒါနဲ့ ... ငါက ဘာလို့ စိတ်ဓာတ်ကျသလို ဖြစ်နေရတာလဲ ? ငါနဲ့လည်း ဘာမှမဆိုင်ပဲနဲ့ *

အဲ့လို တွေးကြည့်မိတော့လည်း အဲဒီ့ အတွေးထဲက မေးခွန်းရဲ့ အဖြေကို ရှာမရ ။

* Chan Yeol က ဂျိုဆွန်းပြည်ကြီးရဲ့ မင်းသား တစ်ပါး ... အသက်ငယ်ရွယ်နုပျိုပြီး ရုပ်ရည် ချောမော ပြေပြစ်တဲ့အပြင် ထက်ထက်မြက်မြက်လည်း ရှိလို့ သူ့ကို လိုချင်တဲ့ မိန်းကလေး တော်တော်များမှာပဲ *

SUPERNATURALWhere stories live. Discover now