Chapter Eight {Z+U}

5.8K 650 4
                                    

Zawgyi

Baek Hyun's pov :

'' မင်း ဘယ်တွေ သွားနေတာလဲကွာ ?? ဘယ်ကို သွားတာမို့လို့ မျက်မမြင် အဘွားကို တစ်ယောက်တည်း ပစ်ထားခဲ့ရတာလဲ ?? ''

ကျွန်တော်တို့နှင့် အတော်အတန် ရင်းနှီးသော အိမ်နီးနားချင်း ဦးလေးကြီးက ကျွန်တော့်ကို အပြစ်တင်သည့် လေသံဖြင့် ပြောပါ၏ ။ ကျွန်တော်ကတော့ ပြန်ပြောစရာ အကြောင်းပြရာ ဆင်ခြေမရှိ ... ပြောလည်း ပြောချင်စိတ် မရှိသောကြောင့် ခေါင်းကိုသာ တွင်တွင် ငုံ့ထားမိသည် ။

သို့သော်လည်း ကျွန်တော့်ဘေးတွင် ထိုင်နေသော Chan Yeol က ...

'' သူ့ကို အပြစ်တင်တဲ့ စကားတွေ မပြောပါနဲ့ ဦးလေး ... မဟုတ်ရင်တောင် အရမ်း စိတ်ထိခိုက်နေရတာပါ ... သူ့ကိုယ်သူ အပြစ်တင်ပြီး ဝမ်းနည်းမဆုံးဖြစ်နေတာ ''

တကယ်ပါ ... Chan Yeol သာ မရှိရင် ကျွန်တော် စိတ်မထိန်းနိုင်ဖြစ်ပြီး ရူးသွားလေမလား ... ဒါမှ မဟုတ် ကိုယ့်ကိုကိုယ် သတ်သေမိမလား မသေချာပါဘူး ။

Halmoni ဆုံးသွားတဲ့ အချိန် Chan Yeol ဘေးမှာ ရှိနေပေးခြင်းဟာ အဆိုးထဲက အကောင်းလို့ပဲ ပြောရမလား?

'' Hal ... Halmoni က ... ... ဘာရောဂါနဲ့ ဆုံးတာလဲဟင် ဦးလေး ''

'' ရောဂါရှာမရဘူးတဲ့  ''

ကျွန်တော့်ရင်ထဲ ထပ်ပြီး နာကျင်ရပြန်သည် ။

ရောဂါရှာမရဘူး ??? Halmoni ရယ် ။ ကျွန်တော့်ကို ခွင့်လွှတ်နိုင်ပါ့မလားလေ ။

Chan Yeol က ကျွန်တော် ဘာတွေးမိသလဲ သိသည် ထင်ပါ၏ ။ ကျွန်တော့်ပုခုံးကို ဖွဖွလေး ညှစ်ကာ အားပေးနှစ်သိမ့်သည် ။

သူ ကျွန်တော့်ကို ထပ်မငိုပါနဲ့တော့ ဟု တောင်းဆိုထားသဖြင့် ကျွန်တော့်မျက်ရည်စတို့ကို ကြိုးစား သိမ်းဆည်းလိုက်သည် ။

ဦးလေးကြီးကတော့ ကျွန်တော့်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ... ...

'' အခု မင်းကိုယ့်ဖာသာကိုယ် ရပ်တည်ရတော့မယ် Baek Hyun ... ထပ်ပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့တော့ ... အားအင်အပြည့်နဲ့ ဘဝကို နေထိုင်ပါ ''

SUPERNATURALWhere stories live. Discover now