Chapter Nineteen {Z+U}

5.1K 486 10
                                    


Zawgyi

" သူတို့နှစ်ယောက်က ယောက်ျားချင်းကြီး ကြိုက်နေကြတာ "

ထိုစကားကို ကြားပြီးသည်နှင့် တစ်ပြိုင်နက် Na Na အလွန်အမင်း အံ့သြသွားခဲ့သည် ။

လောကကြီးမှာ ဒါမျိုး ကိစ္စတွေလည်း ရှိသတဲ့လား ??? ဆန်းကြယ်လွန်းပါတယ် ... သည်လိုမျိုး ကိစ္စကို နားရှိလို့သာ ကြားရသည် ... လက်ခံလို့ မရသေး ~~

သူမ Chan Yeol မင်းသားလေး၏ နောက်ကို လူများ လွှတ်၍ ခဏခဏ လိုက်ခိုင်းသည် ။ သို့သော်လည်း အတော်များများက Chan Yeol လက်ထဲ သူတို့ဘဝသူတို့ အဆုံးသတ်သွားကြ၏ ။

သို့သော်လည်း ယနေ့တော့ သူမ၏ လူယုံများထဲမှ တစ်ယောက်မှာ ကြီးစွာသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားခဲ့၏ ။ ဘယ်လိုမှ ယုံချင်စရာ မကောင်းသော လက်ခံနိုင်စရာ မကောင်းသော ကိစ္စတစ်ခုကို ထိုလူယုံက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့၏ ။ သူမ ဆုလာဘ်များစွာ ချီးမြှင့်လိုက်သော ထိုလူယုံ၏ အမည်မှာ Kim Young Min ဖြစ်၏ ။

မြင်းတစ်ကောင်တည်းကို နှစ်ယောက်အတူ စီးသွားကတည်းက သူ့စိတ်ထဲ တစ်မျိုး ဖြစ်မိသွားကြောင်း Young Min က ပြောပြသည် ။ တောအုပ်ထဲ ရောက်သွားသောအခါ Chan Yeol က မြင်းဇက်ကြိုးကို လွှတ်၍ Baek Hyun ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တုန်းကလည်း သူ့မျက်လုံးသူ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်တဲ့ ... မြင်းပေါ်မှာလည်း နမ်းနေကြသေးသည် ဟု ဆိုသည် ။

Kim Young Min က သူမဆီ သတင်းပေးပို့ပြီး အဆောင်တော်မှ ထွက်သွားသည့်နောက် သူမ တစ်ယောက်တည်း မလှုပ်မယှက် ထိုင်နေမိသည် ။ ပြောရလျှင် တစ်စုံတစ်ရာကို တွေးတောနေမိတာပါ ...

ယောက်ျားချင်း ကြိုက်နေသတဲ့လား ?? ဂိုဂူလျော၏ မင်းသားတစ်ပါးက ယောက်ျားချင်း ချစ်ကြိုက်နေသတဲ့ !!

ဒီလိုဆို သူမကို မချစ်နိုင်တာ Baek Hyun ကို ချစ်နေလို့ပေါ့ ... သူမကို မျက်လုံးထဲ မမြင်နိုင်တာ Baek Hyun ကြောင့်ပေါ့ ။

" တောက် ! "

ရင်ထဲမှ နာကျင်မှုနှင့် ခံပြင်းမှုများ ~~

မိန်းကလေးများအချင်းချင်းပင် မနာလိုဖြစ်ရလောက်အောင် လှပပြီး တိုင်းပြည်တစ်ပြည်၏ မင်းသမီးတစ်ပါး ဖြစ်သည့် သူမကို သူလစ်လျူရှုနိုင်လောက်သည်အထိ Baek Hyun က သူမထက် သာလွန်နေခဲ့တာလား ??

SUPERNATURALWhere stories live. Discover now