Final Part {Z+U}

9.4K 710 44
                                    

* SUPERNATURAL *
Chapter Thirty
Final Part
ChanBaek Yaoi

Zawgyi

" စစ်ပွဲကို အောင်နိုင်ခဲ့ပြီ ... "

" စစ်နတ်ဘုရင် Park Chan Yeol က နောက်ဆုံးတော့ ဂိုဂူလျောကို ကယ်တင်ခဲ့ပြီ "

ရှေ့ပြေးစစ်သည်တစ်ယောက် သယ်ဆောင်လာပေးသော မင်္ဂလာသတင်းထူးကြောင့် မကျန်းမာသောကြောင့် မိမိနန်းဆောင်တွင် လှဲလျောင်းနေရသော ဂိုဂူလျော ဘုရင်မင်းမြတ်မှာ ငေါက်ခနဲ ထထိုင်လိုက်ကာ မျက်နှာ၌ အပြုံးပန်းများ ဖြာဝေသွားခဲ့သည် ။

ထိုသတင်းကြားရသည့် ခဏ၌ သူ့ရဲ့ ရောဂါများပင် ပျောက်ကင်းသွားသကဲ့သို့ ခံစားလိုက်ရ၏ ။

သည်သတင်းထူးကြောင့်ပင် တတိုင်းပြည်လုံးက လူအများကြောင့် စစ်ပွဲကြီးကြောင့် ရရှိလာသော အပူမီးများ ကင်းစင်သွားကာ ဝမ်းပန်းတသာ ဖြစ်နေကြပြီ ။

နောက်တစ်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်မည် ဖြစ်သော မင်းသား Chan Yeol ကို ဂုဏ်ပြုပေးရန်အတွက် ခမ်းနားကြီးကျယ်သော ပွဲတော်တစ်ခုကို စီစဉ်နေသည် ။

အလျင်စလို စီစဉ်လိုက်ရသော ပွဲတော်ကြီးကြောင့် နန်းတော်ထဲတွင် သက်ဆိုင်ရာ တာဝန်ကျသူများ ဟိုပြေးဒီပြေးနှင့် အလုပ်ရှုပ်နေကြစဉ် နန်းတွင်းသူလေး တစ်ယောက်မှာလည်း ခေါင်းလေး ငုံ့ကာ ငုံ့ကာနှင့် တစ်နေရာရာသို့ အလျင်စလို လျှောက်လှမ်းနေ၏ ။

အနည်းငယ်မျှ မသင်္ကာစရာ ကောင်းနေသော သူမကို အခြားသူများမှာလည်း မိမိအလုပ်နှင့် မိမိ ရှုပ်နေသဖြင့် သတိမထားမိ ။

သူမ ဦးတည်နေသည်က နန်းတော်လေသာဆောင် နောက်ဖက်က မြေအောက်ခန်းကြီးဆီ ... ။

--

နေရောင်ခြည် နည်းနည်းလေးတောင် မရသောကြောင့် မည်းမှောင်နေသော အခန်းကြီးကို မီးတုတ်အချို့က မဆိုစလောက် အလင်းရောင်လေး ထုတ်လွှတ်ပေး၏ ။
မြေအောက်ခန်း ဟု ဆိုရသော်ငြား သစ်ပင် သစ်မြစ်များနှင့် လျှိုမြောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေသည် ။

SUPERNATURALWhere stories live. Discover now