Chapter Thirteen {Z+U}

5.6K 596 18
                                    


Zawgyi

Park Chan Yeol's pov :

" အင်း ... ... "

ဦးခေါင်းထက်မှ ပြင်းထန်သော နာကျင်ကိုက်ခဲမှု တစ်ခုဖြင့် ကျွန်တော် နိုးထလာခဲ့သည် ။

လူကသာ နိုးနေတာပါ ။ မျက်လုံးက မဖွင့်နိုင်သေး ။ မျက်လုံးဖွင့်ဖို့ကို တော်တော်ကြီး အားယူနေရသည် ။ သို့ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်က ခံစားရသည့် နူးညံ့သော အထိအတွေ့တစ်ခုကြောင့် ကျွန်တော် သိချင်စိတ်ဖြင့် မျက်လုံးဖွင့်ကြည့်ရာ ... ...

" Baek Hyun !! "

ကျွန်တော့်ရင်ခွင်ထဲ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ချစ်ရသူ ။ ကျွန်တော့် လက်မောင်းတစ်ဖက်ကို ခေါင်းအုံးထားသောကြောင့် လက်တစ်ဖက်လုံး နာကျင်ကိုက်ခဲနေသော်လည်း နည်းနည်းလေးတောင် မလှုပ်ရက် ။ သူ အအိပ်ပျက်သွားမည်မလား ?

လူသားတွေအတွက် အဖြူစင်ဆုံးအချိန်က အိပ်မောကျနေသည့် အချိန်တဲ့ ။ ထို့ကြောင့် အိပ်မောကျနေသည့် Baek Hyun မျက်နှာလေးမှာလည်း ဖြူစင်အေးချမ်းနေသည် ။ သူ့ကို စိုက်ငေးကြည့်နေသည့် ကျွန်တော့်ရင်ဘတ်ထဲအထိပါ အေးချမ်းမှုများ ကူးစက်လာသည်အထိ ။

* ကျွန်တော် သူ့ကို အရမ်း ချစ်တယ် *

ဘာကိုမှ ဂရုမစိုက်နိုင် မတွေးတောနိုင်လောက်သည်အထိ သူ့ကို ချစ်ပါသည် ။

နဖူးလေးထက် နှုတ်ခမ်းပါးတို့ဖြင့် အနမ်းဖွဖွ ပေးချင်သော်လည်း ဖြူစင်လွန်းနေသော သူ့မျက်နှာလေးကို ကြည့်ပြီး မလုပ်ရက် ။ ကျွန်တော့် နှုတ်ခမ်းကြောင့် သူ့မျက်နှာက ဖြူစင်မှုလေး စွန်းထင်းသွားမလား ??

သိပ်မကြာလိုက်ပါ ... သူ နိုးလာပါသည် ။

ဘာရယ်မဟုတ် ... ကျွန်တော် မျက်လုံး ပြန်မှိတ်လိုက်ပြီး အိပ်ချင်ယောင်ဆောင်နေမိသည် ။ တကယ်က သူ့ကို ဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုစကားပြောရမယ်မှန်း မသိသေးတာပါ ။

Baek Hyun နိုးလာပြီး ခဏလောက် ကျွန်တော့် ရင်ခွင်ထဲ ငြိမ်နေပါသေးသည် ။ မမြင်ရပေမယ့် သူ ကျွန်တော့်ကို ကြည့်နေခြင်းအား သိနိုင်၏ ။ သို့သော်လည်း သိပ်မကြာလိုက်ပါ ။ လှဲအိပ်နေရာမှ ထသွားပြီး သူ့အထုပ်အပိုးတွေ သွားသိမ်းပုံရသည် ။ ထို့နောက် ကျွန်တော့်နားရောက်လာကာ ကျွန်တော့်လက်ကို ဖွဖွဆုပ်ကိုင်ရင်း ... ...

SUPERNATURALWhere stories live. Discover now