Chapter Twenty-One {Z+U}

4.7K 528 28
                                    

Zawgyi   

~~ Too Painful ~~

" ဟေ့ .. ဟိုကောင်လေး "

အကျဉ်းခန်းလေးရဲ့ ထောင့်မှာပဲ ကျွန်တော် လုံးဝမလှုပ်မယှက် ကွေးကွေးထိုင်နေခဲ့တာ အချိန်အတော်ကြာပြီ ။

ဘေးခန်းက ဦးလေးကြီးက ကျွန်တော်နှင့် စကားပြောရလို ပြောရငြား လှမ်းလှမ်းခေါ်ပါရဲ့ ။ သို့သော်လည်း ကျွန်တော်က စကားပြောချင်စိတ် နည်းနည်းလေးမျှ မရှိတာကြောင့် မသိချင်ယောင်ပဲ ဆောင်နေခဲ့သည် ။

ထိုအခါ ဘေးအခန်းက လူကြီးမှာ ကျွန်တော့်ကို မကျေမနပ် ရေရွတ်စမြဲ ။ သို့သော်လည်း ထိုလူကြီးက လက်မလျှော့ ။ ကျွန်တော် သူ့ကို စကားမပြောချင်လည်းပဲ လိုက်လိုက်ခေါ်နေသည် ။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ရ၏ ။

အခုအချိန်ထိ ကျွန်တော့် ချည်အင်္ကျီလေးက ဖြူနေဆဲပင် ။ အခြားသူများလို ညိုညစ်ပြီး သွေးစက်များ စွန်းထင်းမှု မရှိသေး ။ ကျွန်တော့်ကို ချုပ်သာ ချုပ်ထားပြီး စစ်ဆေးမေးမြန်းမှု မရှိသေးတာဒီနေ့နှင့်ဆိုသုံးရက်ရှိလေပြီ ။

ခန္ဓာကိုယ်က နာကျင်မှု မရှိသော်ငြား ကျွန်တော် တစ်နေ့တစ်နေ့ကို ငရဲကျနေသလို ဖြတ်သန်းနေရသည် ။ ကျွန်တော့်ရင်ဘတ်ထဲမှာ ငရဲကျနေတာပါ ။

သူနှင့် မမြင်မတွေ့ရသဖြင့် နှလုံးသားက နာကျင်လှပြီ ။ သူ့အပွေ့အဖက်တို့နှင့် ဝေးနေသဖြင့် နှလုံးသားက မခံမရပ်နိုင် ဖြစ်လာရပြီ ။
သူ့နှုတ်ခမ်းများနှင့် မထိတွေ့ရသဖြင့် ကျွန်တော့် နှလုံးသားက ခံနိုင်ရည်မရှိ ။

သူ့ကို စိုးရိမ်သော စိတ်ကလည်း ဖြေဖျောက်မရနိုင်ပါ ။ အကျယ်ချုပ်နှင့် နေနေရသည်ဆိုတာကလွဲ၍ သူ့အခြေအနေကို တိတိကျကျ မသိရ ။ ကျွန်တော့်ကြောင့်နှင့် သူနာကျင်နေမှာပဲ ။

အကျဉ်းထောင်အတွင်း ရဲမက်နှစ်ယောက် ဝင်လာပြီ ဆိုသော အသိကို မျက်လုံးနှင့် မမြင်ရလည်း ခြေသံများ ကြားရရုံဖြင့် သိနိုင်ပါ၏ ။

သည်တစ်ခါရော ... ဘယ်သူ့အလှည့်လဲ ? ဘယ်သူ့ကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းဦးမှာလဲ ?

SUPERNATURALWhere stories live. Discover now