Chapter Fourteen {Z+U}

5.9K 555 11
                                    

Zawgyi

Kim Na Na's pov :

" ဟူးးးးးးးး ~~ "

စိတ်တွေလှုပ်ရှားလို့ပါလား ????

ဘာလို့များလဲ Kim Na Na ... နင် ဘာလို့ ခုလို ရင်တွေ တဒိုင်းဒိုင်း ခုန်ပြီး စိတ်တွေ လှုပ်ရှားနေရတာလဲ ?

တကယ်က မင်းသားလေး Chan Yeol နှင့်အတူ ကုန်ဆုံးရမည့် တစ်ညတာအတွက် ကျွန်မ ရင်ခုန်စိတ်လှုပ်ရှားနေမိခြင်း ... ... ။

ကျွန်မ တာဝန်က Chan Yeol ကို စိတ်ဒုက္ခပေးဖို့ ... ဒါမျိုးတွေ ခံစားနေဖို့ မဟုတ်ဘူး ~~~

ထိုကဲ့သို့ ခဏခဏ ကိုယ့်ကိုကိုယ် သတိပေးပါသော်လည်း Chan Yeol ရဲ့ အပြုံးတစ်ခု အပေါ် ညွတ်ညွတ်ကျသွားတတ်သည့် ကျွန်မကိုယ်ကျွန်မ အလွန်အမင်း စိတ်ပျက်မိပါသည် ။

Chan Yeol က ကျွန်မအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိ ။ ဒါကို ကျွန်မသိသည် ။ အဲ့ဒါကပဲ ကျွန်မကို ခံရခက်စေတာ ။ တကယ်ဆို ကျွန်မအတွက် ပိုအဆင်ပြေတာပါ ... ကျွန်မလိုအပ်တာ Chan Yeol ၏ ကြင်ယာတော်နေရာ ... Chan Yeol ၏ နှလုံးသား မဟုတ် ။

သို့ပေမယ့် ... ... ... သူ့အပေါ် တိမ်းညွတ်ကျနေသော ကျွန်မ နှလုံးသားကို ကျွန်မ သတိမထားမိတာတော့ မဟုတ်ပါဘူး ။ ကျွန်မကိုယ် ကျွန်မလည်း ထိန်းပါတယ် ။

အခု လက်ထပ်ထိမ်းမြားမှု ပြီးဆီးသွားကတည်းက သူ့နန်းဆောင်ကို ပြန်သွားလိုက်တာ ... အရိပ်တောင် မမြင်ရ ။

သူနှင့် အတူတူ ကုန်ဆုံးရမည့် ညအတွက် အပျိုတော်လေးများက ကျွန်မကို အလှပဆုံး ပြင်ဆင်ခြယ်သပေးနေကြပြီး ကျွန်မကတော့ အတိုင်းမသိ စိတ်လှုပ်ရှားနေသည် ။ မိမိကိုယ်ကိုမိမိ ထိန်းရန် သက်ပြင်းချနေမိသည်မှာလည်း အကြိမ်အရေအတွက် မနည်းတော့ ... ။

ရင်တွေခုန်လိုက်တာ ... ။

နန်းဆောင်ထဲ၌ အဝတ်အစားပြည့် ဝတ်ဆင်ကာ စားပွဲဝိုင်းတစ်ခုနှင့်အတူ ကျွန်မ သူ့ကို စောင့်နေသည် ။ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေသည် ။ အချိန်အတော်ကြာ စိတ်ရှည်ရှည်ထားရင်း စောင့်နေသည် ။ သို့သော်လည်း ...

အပြင်ဘက်မှ အထိန်းတော်များလည်း လှုပ်လှုပ်ရွရွ ဖြစ်လာ၏ ။ မင်္ဂလာဦးည၌ မင်းသားလေး နောက်ကျနေသောကြောင့် ~~

SUPERNATURALWhere stories live. Discover now