Chapter Twenty-Nine {Z+U}

5K 514 27
                                    

Zawgyi

BaekHyun's pov :

Chan Yeol ... သူ မြို့တော်ကို ထွက်သွားပြီး တစ်ပတ်လောက် အကြာမှာ ကျွန်တော့်ဆီ ရောက်လာခဲ့သည် ။

" ဟင် ! ChanYeol ... "

* သူကျွန်တော်နဲ့တစ်ပတ်ထက်ပိုပြီးခွဲမနေနိုင်ပါလားနော် *

ရောက်ရောက်ချင်း ဘာစကားတစ်ခွန်းမှ မပြောဘဲ အိမ်ရှေ့တွင် မတ်တပ်ရပ်ကာ သူ့ကို ကြောင်ကြည့်နေသည့် ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်တာမို့ ကျွန်တော် ကြည်နူးစွာ တွေးရင်း ပြုံးနေမိ၏ ။

" Aigoo ... Park Chan Yeol ! မင်း တော်တော် ပင်ပန်းသွားပြီ "

ကျွန်တော့် လက်တို့က သူ့ကျောပြင်ထက် ရောက်သွားခဲ့တဲ့ အခါ သူက ခပ်ပြုံးပြုံးနှင့် ဆိုလာလေရဲ့ ။ ဘာတဲ့ ... တော်တော်ပင်ပန်းသွားပြီ ဆိုပဲ ။

" ပြောပါဦး ။ ဘာတွေ ပင်ပန်းသွားတာလဲ ? "

သူ့ရင်ခွင်ထဲ မျက်နှာဝှက်ထားတဲ့ ကျွန်တော့်ကို ဖက်ထားရာက ခွာကာ ကျွန်တော့်မျက်နှာလေးကို ကိုင်လျက် သူ ဘာစကားမှ မပြောဘဲ တစိမ့်စိမ့် ကြည့်နေသေး၏ ။

ကျွန်တော့်နှလုံးသားထဲ စူးနစ်သွားအောင် ထိုးဖောက်နိုင်တဲ့ သူ့အကြည့်တွေအောက် ကျွန်တော် တောင့်မခံနိုင်စွာ မျက်လွှာချလိုက်မိသည် ။

သူ့အကြည့် ၊ သူ့အပြုံး ၊ သူ့စကားသံတွေအောက်မှာ ကျွန်တော့်နှလုံးသားက အမြဲ ကျရှုံးနေခဲ့တာပဲလေ ။

ထို့နောက်တွင် တစ်ဖန်ပြန်၍ သူ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြန်ပါသည် ။

" အရမ်း လွမ်းနေခဲ့တာ ... "

တစ်ပတ်လောက် သူနှင့် ဝေးကွာနေခဲ့တာမို့ မှောင်မိုက်နေခဲ့သည့် ကျွန်တော့် ကမ္ဘာ ... ခုတော့ ပြန်လည် လင်းထိန်လာခဲ့ပြီ ။

--

ဘယ်နေရာကိုပဲ ကြည့်ကြည့် စိမ်းစိုသာယာနေသော သည်တောထဲရှိ အရှိန်အဟုန်ဖြင့် တဝေါဝေါ စီးကျနေသော ရေတံခွန်ကြီး၏ အနီးအနား ကျောက်ဆောင်အကြီးကြီး တစ်ခုပေါ်တွင် ကျွန်တော်နှင့် ကျွန်တော့်ချစ်သူ Chan Yeol တို့ ထိုင်နေကြပါသည် ။

SUPERNATURALWhere stories live. Discover now