Chapter Sixteen {Z+U}

5.7K 575 8
                                    

Zawgyi

" ငါ ယောက်ျားလေးတစ်ယောက်ကို ဒီလောက်ထိ ချစ်သွားမိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး "

အင်းလေ ... သာမန်လူသားတစ်ယောက်အနေနဲ့ အနာဂတ်ကို ကြိုသိဖို့ဆိုတာ ခဲယဉ်းတာကိုး ။

" ငါ့ကိုယ်ငါလည်း နားမလည်ပါဘူး ။ ဘယ်လိုဖြစ်ပြီး ယောက်ျားလေး တစ်ယောက်ကြောင့် အချစ်ဆိုတာကို ခံစားရလိမ့်မယ်လို့ "

အချစ်ဆိုတဲ့ အရာကိုက ကန့်သတ်ထားမှုမှ မရှိဘဲ ... သူ ထွက်ပေါ်လာတာကိုက ဦးနှောက်ထဲကမှ မဟုတ်တာ ။ အသက်ရှင်နေတဲ့ သက်ရှိလူသားနှစ်ဦး ချစ်ကြိုက်ဖို့ဆိုတာ ဘာအကြောင်းပြချက် ဘာဆင်ခြေမျိုးမှ မလိုအပ်ဘူး ။

" ဘယ်လိုအခက်အခဲပဲ ဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပဲ "

အချစ်ကပေးတဲ့ သာယာမှု ပျော်ရွှင်မှု ကြည်နူးမှုနှင့် နှိုင်းယှဉ်ကြည့်ရင် အချစ်ကြောင့်ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးက ဘာမှ မပြောပလောက်ပါဘူး ။

" ငါတို့နှစ်ယောက် တွေ့တာ ခင်မင်ရင်းနှီးတာ ဘယ်လောက်မှ မကြာဘဲနဲ့ ငါမင်းကို ချစ်သွားမိတာ မယုံနိုင်စရာနော် "

အချစ်မှာ အချိန်အကန့်အသတ်မှ မရှိဘဲ ။ သူတို့ မသိတာက သူတို့နှစ်ယောက်ဟာ ကံကြမ္မာက သူတို့ကို ဖူးစာဖက်အဖြစ် မသတ်မှတ်ခဲ့ရင်တောင်မှ ထိုကံကြမ္မာကို လွန်ဆန်ပြီး ဖူးစာဖက်ဖြစ်လာမယ့်သူတွေမို့လို့ပါ ။

" ငါ မင်းကို ချစ်တယ် Chan Yeol ah "

အခုတော့ ဘာမှ မတုံ့မဆိုင်းလဲ ရဲရဲဝံ့ဝံ့ ပြောနိုင်ခဲ့ပါပြီ ။ ချစ်တဲ့သူကို ချစ်တယ်ဆိုတဲ့ စကားဆိုရတာ စဉ်းစားတွေးတောနေစရာ မလိုတဲ့ အလုပ်ပါ ။ ခက်ခဲတဲ့ အလုပ်လည်း မဟုတ် ။ ရင်ထဲ ရှိတာကို ဖွင့်ဟ ဝန်ခံတာပဲ ။ ဘာတွေ တွေးတောနေစရာ လိုလဲ ??? တကယ်တော့ အချစ်က ဆင်ခြင်ဥာဏ်ကို ပိတ်ပင်လိုက်တာပါ ။

" မင်းကို အရမ်း ချစ်တယ် Baek Hyun "

သဘာဝအရ လူသားတွေက ဆန့်ကျင်ဘက် လိင်ကြား ဖြစ်ပေါ်တဲ့ အချစ်ကိုပဲ လက်ခံကြတယ် ။ သဘာဝတရား ဆိုတာကလည်း ဆန့်ကျင်ဘက် လိင်တွေကြားမှာပဲ အချစ်ကို ဖြစ်ပေါ်စေတယ် ။

SUPERNATURALWhere stories live. Discover now