🌸Part-1🌸

3.1K 201 22
                                    

🌸The sound of crying in the painting(ပန်းချီကားထဲကငိုရှိုက်သံ)🌸

ကျယ်ဝန်းလှတဲ့ခြံကြီးထဲတွင် ဖြူပြာရောင်အိမ်ကြီးတစ်လုံး ၊ မြက်ခင်းစိမ်းစိမ်းနှင့် ခြံထဲမှာထိုင်နေတဲ့လူငယ်လေးတစ်ယောက်က ပြီးပြည့်တဲ့မြင်ကွင်းတစ်ခုပင်

"ဟာ!!!!ဒီနားတင် လာပိတ်နေတာ ဘယ်ကနေဘယ်လိုရေးရမှန်းကို မသိတော့ဘူး ဟူးးး"

~တီ...တီ...တီ...တီ...တီ...~

"အေး ကျန်းချန် ပြော!"

"ဟ! ရိပေါ် မင်းဘာဖြစ်နေတာလဲ ငါ့နားတွေကွဲပြီး သေတော့မှာပဲ"

"ပြောစရာရှိတာ မြန်မြန်ပြောကွာ ငါဒီမှာည၏်နေတာနော်"

"အမလေးးးးးဘာလဲ ကုန်ကြမ်းပျောက်ပြန်ပြီလား အမောင်ရိပေါ်"

"အေးကွာ...ငါ့ဇာတ်လမ်းက ရေးနေရင်း ဆက်စရာကုန်ကြမ်းမရှိတော့လို့ကွ တကယ့်ကွိုင်ပဲကွာ"

"အေးပါ ကုန်ကြမ်းရှာတာလည်း ရှာပေါ့ ငါပြောမယ့်စကားလေးလည်း ဂရုစိုက်ပါဦး"

"‌အင်း ပြော"

"ငါမနက်ဖြန် ငါ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ပန်းချီပြပွဲကို သွားမှာ အဲ့ဒါ လက်မှတ်က နှစ်ဆောင်ဖြစ်နေတယ် အဲ့ဒါ မင်းများလိုက်မလားလို့ အဖော်ဆက်တာ"

"ပြောချင်တာက ငါ့ကိုအဖော်ခေါ်နေတာပေါ့ ဟုတ်လား"

"အေးဟုတ်တယ် မင်းလည်း တစ်ခါတစ်လေလေး အပြင်လေးဘာလေးသွားပြီး လန်းလန်းဆန်းဆန်းနေပါဦး အဲ့ဇာတ်ညွှန်းတွေနဲ့ပဲ အချိန်ကုန်မနေနဲ့လေ ပြီးတော့ အပြင်သွားရင် မင်းအတွက်လည်း ကုန်းကြမ်းရချင် ရလာမှာပေါ့ရိပေါ်ရ"

"အင်း နောက်ဆုံးအကြံမဆိုးဘူး ကောင်းပြီလေ ငါလိုက်ခဲ့မယ် ဘယ်ချိန်သွားမှာလဲ"

"ငါလား အင်းးးးမနက်ဖြန်မနက်၅နာရီလောက်ထသွားမှာ"

"ဟ! အဲ့လောက်အစောကြီး ငါက ဘယ်လိုလုပ်နိုးမှာလဲ ခွေးမသားရဲ့"

"ငါလာနိုးမှာပေါ့ ချစ်သူငယ်ချင်းကြီးရာ....ဟဲဟဲ"

"ဟင်းးးးပြီးရောကွာ အဲ့ဒါဆို ဒါပဲမလား ငါဖုန်းချလိုက်တော့မယ် ဗိုက်ဆာနေပြီ မျိုရဦးမယ်ဟ"

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now