🌸Part-13🌸

1.1K 115 2
                                    

(Zawgyi)


အဖြူရောင်လမင်းကြီးဟာ နီရဲကာမဲမှောင်နေတဲ့တိမ်တွေကြား ထွန်းလင်းလို့နေသည်

"တိမ်မဲတွေကေ-သွးရောင်လကိုဖုံးလွှမ်းပြီး ပြန်ထွက်လာတဲ့လရောင်အောက်မှာ မင်းကို ငါသ-တ်မှာ အိမ်ရှေ့စံဝေ့ရင်း"

"ငါမင်းကိုမေးလို့လား"

"မမေးလည်း မင်းသိပ်ကြောက်နေမယ်ဆိုတာကို သိလို့ ပြောပြနေတာလေ"

"အဟက် မင်းရူးနေပြီပဲ ဒီမှာ ကိုယ်တော်မင်းကို တစ်ခုတော့ပြောလိုက်မယ် မင်းကိုယ်မင်းသိပ်အထင်ကြီးမနေနဲ့ ဘာလို့ဆို အားလန်က ကိုယ်တော့်ကိုလာကယ်မို့လို့ပဲ"

"သိပ်ေ-သချာနေပါလား အိမ်ရှေ့စံ"

"ဟင့်"

"အင်းပါ မင်းကိုမသ-တ်ခင်အထိ မင်းရဲ့ကြင်သူကြီး ရောက်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ ဟဟဟဟဟ"

..................................................................................

ကောရိ့တောနက်ထဲသို့ရောက်တော့ အားလန်က

"မင်းကြီး ရောက်ပါပြီ"

"ဘယ်မှာလဲ ဒါကတောကြီးမလား"

"ဟုတ်ပါတယ် ဒါပေမယ့် ဒီနေရာပါပဲ"

အားလန် မြင်းပေါ်ကနေ ဆင်းလိုက်တာ ထူထက်နေတဲ့ နွယ်ခြုံတွေကို ဖယ်လိုက်တော့ နွယ်ခြုံအနောက်မှ ပေါ်လာသော ကျောက်တံခါးကြီး ။ မင်းကြီးဝေ့ချန် မျက်လုံးများပြူးသွားကာ အံ့ဩလို့မဆုံး

"ဟင် ဒါက ဘယ်လိုလုပ်ဒီလိုနေရာမျိုးမှာ ရှိနေရတာလဲ ပြီးတော့ အရှင့်သားကရော ဘယ်လိုလုပ် ဒီနေရာက ဒီမှာရှိမှန်း သိနေရတာလဲ"

"ကျွန်တော်နဲ့ဝမ်ဟုန်က အသ-က်ကွာပေမယ့် ကျင့်စဉ်တွေကျင့်ကြံတဲ့နေရာမှာတော့ အတူတူပါပဲ လူတွေထူထပ်တဲ့နေရာမှာ ကျင့်ကြံအားထုတ်လို့မရပါဘူး ဒီလိုလူသူမရှိတဲ့ တောနက်ထဲမှာပဲ ကျင့်ကြံအားထုတ်ကြပါတယ် မင်းကြီး"

"အော်...‌ကောင်းပြီ ဒါဆို ငါတို့ဝင်ကြတာပေါ့"

ဆိုကာ မင်းကြီးဝေ့ချန်က ဂူထဲဝင်မယ်အလုပ် အားလန်က

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now