🌸Part-4🌸

1.3K 121 4
                                    

🌸 The sound of crying in the painting (ပန်းချီကားထဲကငိုရှိုက်သံ)🌸

"ဟင်! အမလေး!!"

ဝေ့ရင်းတစ်ယောက် သူ့အနောက်မှာ ရောက်နေတဲ့သူက သူမထင်ထားတဲ့လူတစ်ယောက်မို့ သူခိုးလူမိသွားသလို လန့်ဖျန့်ကာ အနောက်ဆုတ်မိတော့ ခြေချော်ကာ လဲတော့သည်

အားလန် သူ့အရှေ့က သူခိုးလူမိတဲ့အိမ်‌ရှေ့စံလေးချော်လဲတော့မှာကို မြင်တာကြောင့် ခါးကို အမှီလှမ်းဖမ်းလိုက်တော့ ရင်ခွင်ထဲပြစ်ဝင်လာတဲ့ အိမ်ရှေ့စံအရှေ့သားလေးဝေ့ဝူရှန့်

"အင့်"

ဝေ့ရင်း အချိန်တော်တော်ကြာကြာ ကြောင်အနေသည် ။ ထိုမြင်ကွင်းကို မြင်လိုက်သော အစေခံများကလည်း အံ့ဩနေကြသည် ။

အားလန်က ဝေ့ရင်းကို သေချာကြည့်နေသည် ။ ပါးလေးရဲရဲလာကာ ရင်ခွင်ထဲမှာ တောင့်တောင့်လေးဖြစ်နေတဲ့ ထိုအိမ်ရှေ့စံရဲ့ခန္ဓာကိုယ်ကြောင့်

(ဟက် ရှက်နေတာပဲ ချစ်စရာလေး)

"ရပြီလေ အရှင့်သား"

"ဗျာ??"

"ချော်မလဲတော့ဘူးလို့ ပြောတာပါ"

ထိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ဝေ့ရင်းလေး ရင်ခွင်ထဲမှ ရုံးထွက်ကာ

"ကူညီပေးတာ ကျေးဇူးတင်ပါတယ်"

"ကျွန်တော်မျိုးကလည်း အရှင့်သားကို ကျေးဇူးတင်ပါတယ်"

"ဟင်?"

ဝေ့ရင်းနားမလည် သူလည်း ဘာမှမလုပ်ပေးရသေးပဲနဲ့ အဘယ်ကြောင့် သူ့ကိုကျေးဇူးတင်နေသည်ကိုပင်

"မနေ့ညနေက ကျွန်တော်မျိုးကို ကူညီလိုက်တဲ့အတွက်ပါ"

"ဗျာ!"

(ဟာ သူသိသွားပြီလား မနေ့က ငါသူ့ကိုကူညီလိုက်တာ အရမ်းများထင်ပေါ်သွားလို့လား????)

"အရှင့်သား ဘာများသုံးဆောင်မလို့ပါလဲ ကျွန်တော်မျိုး စီစဉ်ပေးပါ့မယ်"

"အဲ ဟို..."

(မဖြစ်သေးဘူး သူ့ကိုတွေ့ချင်လို့ လာတယ်ဆိုတာသာ သိရင် မာန်တက်နေဦးမယ် တစ်ခုခုတော့ခိုင်းမှပဲ)

"......"

(အော် ဒီလောက်တောင် စဉ်းစားနေပုံထောက်ရင် ငါ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ သေချာသွားပြီပဲ)

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now