(Zawgyi)
🌸The sound of crying in the painting(ပန်းချီကားထဲက ငိုရှိုက်သံ)🌸
ရိပေါ် အဝတ်အစားလဲကာ အပေါ်ထပ်မှ အောက်ထပ်သို့ဆင်းလာသည် ။
"ဟိုလူ ဘယ်ရောက်သွားတာလဲ?"
ရိပေါ် အိမ်အတွက် ဝယ်စရာလေးတွေရှိတာကြောင့် City Markကိုသွားရန် အဝတ်အစားတက်လဲခြင်း ။ ဝေ့ရင်းကို အောက်ထပ်က ဧည့်ခန်းထဲမှာ ထိုင်ခိုင်းထားတာ အခုဆင်းလာတော့ ဧည့်ခန်းထဲမှာ မတွေ့တာကြောင့် ရိပေါ်တစ်ယောက် ဝေ့ရင်းကို ပတ်ရှာနေမိခြင်း
"ဟိတ်! ဘာတွေရှာနေတာလဲ"
ရိပေါ် သူ့အနောက်မှ ရုတ်တရတ်ဘွားကနဲပေါ်လာတဲ့အိမ်ရှေ့စံဝေ့ရင်းကြောင့် လန့်သွားရသည်
"အမလေး! ဟား! ခင်ဗျားဗျာ ဒီမှာတော့ ကျွန်တော့်မှာ လိုက်ရှာနေရတာ ခင်ဗျားက ဘယ်သွားနေတာ"
"ဟင်းချက်ဖို့ စားဖိုဆောင်ထဲဝင်ကြည့်တာလေ အင်း ပစ္စည်းတွေက အသစ်အဆန်းပေမယ့် နှစ်ပေါင်း၃၀၀၀ကျော်လေ့လာထားမှုအရ ဝေ့အတွက် ဒါတွေက မစိမ်းတော့ပါဘူး ဒါပေမယ့် လိုနေတာတစ်ခုရှိတယ်''
"ဘာလဲ"
"ဟင်းခတ်အမွှေးအကြိုင်တွေ"
"ဟမ် အဲ့ဒါတွေက လိုလို့လား ကျွန်တော်မှ ဟင်းမချက်တက်တာပဲ ဝယ်စားလိုက်ရုံပေါ့"
"အိုးဟို.....မဖြစ်ပါဘူး ဒီလိုသာ ဝယ်စားနေမယ်ဆို အသပြာတွေ အများကြီးကုန်လိမ့်မယ်"
"..............."
"ဒီတော့ ဒီနေ့ကစပြီး ဝေ့ပဲ အားလန်ရဲ့အိမ်မှုကိစ္စတွေကိုလုပ်ပေးမယ် စားတော်တည်တာကအစပေါ့"
"အမယ် တယ်ဟုတ်ပါလား"
"ဟုတ်ဆို ကြည့်လိုက်လေအားလန်ရဲ့"
"အင်းပါ ထားတော့ ကျွန်တော်တို့ City Markသွားမလို့ လိုက်မှာလား"
"မေးနေစရာကိုမလိုတာ လိုက်မှာပေါ့"
"ပြီးရော တအောင့်နေ ကျန်းချန်ကားလာလိမ့်မယ် အဲ့အခါကြ တိတ်တိတ်နဲ့ငြိမ်ငြိမ်နေနော် ဘာအမှားအယွင်းမှ မဖြစ်စေနဲ့"
"ဟုတ်ကဲ့အားလန်"
"ပြီးတော့ ပြောရဦးမယ် ကျွန်တော်ခင်ဗျားကို ခေါ်တာနဲ့ ချက်ချင်းရောက်လာပါစေနော် လိုက်ရှာနေရတာမလွယ်ဘူး ဘာလို့ဆို ခင်ဗျားကလူလည်းမဟုတ်"
![](https://img.wattpad.com/cover/298979330-288-k549181.jpg)
STAI LEGGENDO
🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸
Fanfiction❄️စာရေးဆရာလေးဝမ်ရိပေါ်ဟာ သူ့ဇာတ်ညွှန်းအတွက် ကုန်ကြမ်းရှာရန် ပန်းချီပြပွဲတစ်ခုကိုသွားရင်း ထိုပန်းချီပြပွဲတွင် လေလံတင်ရောင်းချမယ့် ပန်းချီကားတစ်ချပ်တွေ့သွားပြီး သူ့ကုန်ကြမ်းအတွက်အသုံးချရန် ဝယ်ယူခဲ့ရာမှစတင်၍ အသက်ဝင်နေတဲ့ ပန်းချီကားထဲက အရှင့်သားနဲ့စာရေ...