🌸Part-15🌸

1.1K 104 3
                                    

(Zawgyi)

🌸The sound of crying in the painting (ပန်းချီကားထဲက ငိုရှိုက်သံ)🌸

ရိပေါ် အိမ်ထဲသို့ဝင်လာကာ ဧည့်ခန်းထဲသို့စောင့်အောင့်ကာ ဝင်ထိုင်လိုက်သည် ။ ရိပေါ်ရဲ့အပြုအမူကိုကြည့်ပြီး ဝေ့ရင်းက

"အားလန် ဘာဖြစ်နေတာလဲဟင်.....ဝေ့ကို စိတ်ဆိုးနေတာလား"

"မဆိုးဘူး"

"ဒါဆို ဘာလို့ ဒီလိုမျက်နှာကြီးက အဲ့လိုဖြစ်နေတာလဲဟင် မဟုတ်မှ.......ဝေ့ကို ဒီမှာမနေစေချင်လို့လားဟင်"

"မဟုတ်ဘူး"

"ဒါဆို ပြောလေ ဘာလို့လဲ....ဘာလို့ ဒေါသထွက်နေတာလဲဟင်"

"...................…"

"ပြောလေ....အားလန်....."

"မသိဘူး ဟင်း ဒေါသတွေက သူ့ဘာသာသူထွက်နေတာ"

"ဟင်?"

အူကြောင်ကြောင်လေးနဲ့ မသိနားမလည်တဲ့ပုံလေးနဲ့ စဉ်းစားခန်းဝင်နေတဲ့ဝေ့ရင်းလေးကို ကြည့်ပြီး ရိပေါ်အသဲယားနေသည်

"ခင်ဗျား ညနေက ဘာလို့လိုက်မလာတာလဲ"

"ဟင်? အော်...ဝေ့က လိုက်မလာတာ မဟုတ်ပါဘူးနော် အားလန်မှ မခေါ်ပဲ"

"ကျွန်တော်က ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ခင်ဗျားကကိုယ်ပျောက်နေတာလေ ကျွန်တော်က ခင်ဗျားကိုခေါ်တော့ သူများတွေက ကျွန်တော့်ကိုအရူးလို့ထင်နေမှာပေါ့"

"ဟင် ဒါလည်းဟုတ်တာပဲ"

"ပြီးတော့နောက်တစ်ခု ဟို ကျန်းချန်နဲ့ သိပ်မရော...မရောနဲ့ဗျာ"

"ကျိုးချန် အဲမှားပြန်ပြီ ကျန်းချန်နဲ့ကိုလား ကျန်းချန်က လူကောင်းပါ ပြီးတော့ သူက ဝေ့ရဲ့အချစ်ဆုံးအကိုတော် ကျိုးချန်ပဲလေ"

"ကျစ် ခင်ဗျားဘာတွေပြောနေတာလဲ အရင်က ခင်ဗျားဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုက 2020ရောက်နေပြီ ခင်ဗျားတို့ရဲ့ဟိုးဘုရင်ခေတ်ကနေလို မဟုတ်တော့ဘူး ပြောစမ်းပါဦး ကျန်းချန်က ခင်ဗျားရဲ့အကိုတော်ကျိုးချန်ဝင်စားတာလားဆိုတာ ဘယ်လိုသိမှာလဲ ပြောလေ!!"

"ရုပ် ရုပ် ရုပ်တူတယ်လေအား.."

"တော်တော့ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ ခင်ဗျားပြောသလို လူဝင်စားတွေဆိုရင် အဲ့ဒါတွေက အတိတ်ပဲ အတိတ်မှာကျန်ခဲ့ပြီ အခုက အခုပဲ လူချင်းမတူကြတော့ဘူး"

🌸The sound of crying in the painting[Complete](ပန်းချီကားထဲကငိုရှိုက်သံ)🌸Where stories live. Discover now